Saturday, 27 April 2013

သက်မွန်မြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင် ဘာဆိုလား မဟုပ်ဘူးတဲ့


 
လူတချို့ ပြောနေကြသလို မင်းသမီး သက်မွန်မြင့်နဲ့ သူနဲ့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့အချက်က မမှန်ကန်ဘူး လို့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောဆိုကြောင်း သောကြာနေ့ထုတ် မော်ဒန် သတင်းဂျာနယ်မှာ ရေးထားပါတယ်။

"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆန်းဆန်းပြားပြား ဖြစ်ဖို့ အစီအစဉ်လည်း မရှိဘူး။ သူကလည်း ကျွန်တော့ကို ကြိုက်မှာမဟုတ်ဘူး" လို့ စိုင်းစိုင်းက မော်ဒန်ဂျာနယ်ကို ပြောပါတယ်။


ဒီလဆန်းပိုင်း စတိတ်ရှိုးစင်ပေါ်မှာ စိုင်းစိုင်းနဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အနေအထားကို ကြည့်ပြီး သူတို့နှစ်ဦး ငြိတွယ်နေကြပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။

မင်းသမီး မင်းသားတို့ရဲ့ အတွင်းရေးတွေက တခါတရံ ပြင်ပကို ပေါက်ကြားလာတတ်ပါတယ်။
ဟုတ်တာတွေလည်း ပါသလို ထင်ကြေးတွေလည်း ပါတတ်တာ တွေ့နေရပါတယ်။
 
ဧရာဝတီ မှ သိသမျှ ။
 
 

No comments:

Post a Comment