Friday 24 May 2013

ပျော့ပျောင်း တောက်ပသော ဆံကေသာ ပိုင်ဆိုင်စေမည့် ငွေကုန်ကြေးကျ မများသောနည်းများ


နာမည်ကျော်တွေလို တောက်ပစိုပြည်တဲ့ ဆံကေသာအလှ ရရှိစေဖို့ ငွေကုန်ကြေးကျ မများတဲ့ အလွယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။


နည်းလမ်း (၁) မုရောနိစ်သုံးပြီး ထိန်းသိမ်းမှု

ရေဆွတ်ထားတဲ့ ဆံပင်ကို မုရောနိစ်များများ လိမ်းပေးတာက ဆံပင်သားကို အလွယ်တကူ စိုပြည် တောက်ပစေပါတယ်။ မုရောနိစ် လိမ်းတဲ့အခါ ဦးရေပြား၊ ဆံပင်လိုင်းနားကပ်ပြီး မလိမ်းပါနဲ့။ ဆံပင်အဖျားတွေကို များများလိမ်းပါ။ မုရောနိစ်လိမ်းပြီး ခေါင်းကို ခေါင်းစွပ် စွပ်ထားပါ။ ရေချိုးပြီးမှ ဆံပင်တွေကို ပုံမှန်အတိုင်း ခေါင်းလျှော် ချလိုက်ပါ။

နည်းလမ်း (၂) ကြက်ဥ၊ ဘဲဥသုံးပြီး ဆံကေသာ ထိန်းသိမ်းမှု

ကြက်ဥ၊ ဘဲဥနဲ့ ဆံကေသာ ထိန်းသိမ်းတာကလည်း စိုပြည်တောက်ပစေတဲ့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ကြက်ဥ၊ ဘဲဥကို သင့်ဆံပင်အရှည်ပေါ် မူတည်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပါ။ အနှစ်နဲ့ အကာကို သီးခြားစီ ခွဲထုတ်လိုက်ပါ။ ကြက်ဥ၊ ဘဲဥအနှစ် ထည့်ထားတဲ့ ပန်းကန်လုံးထဲကို သံလွင်ဆီ ဖုံးတဲ့အထိ ထည့်ပြီး ရောမွှေပါ။ ဆံပင်ကို ကြက်သီးနွေးရေနဲ့

အရင် ခေါင်းလျှော်ပြီး ရောထားတဲ့ အရည်နဲ့ ပွတ်လိမ်းလိုက်ပါ။ အချိန် ၅-၆ မိနစ်ကြာ ထားပြီးမှ ရေအေးနဲ့ ဆေးကြောလိုက်ပါ။

နည်းလမ်း (၃) ဒိန်ချဉ်သုံးပြီး ဆံကေသာ ထိန်းသိမ်းမှု

ဆံပင်သား ချောမွေ့စိုပြည်စေဖို့ ဒိန်ချဉ်ကိုလည်း သုံးနိုင်ပါတယ်။ ဆံပင်ကို အရင်ဆုံး ဖြီးသင်ပြီး ဒိန်ချဉ်အလွတ်နဲ့ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆံပင်သား တစ်လွှာချင်းပေါ်မှာ ဒိန်ချဉ်ကိုလိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။ အချိန် ၂၀-၃၀ မိနစ်ကြာ ဒါမှမဟုတ် ဒိန်ချဉ်မာသွားတဲ့အထိ ထားပေးပါ။ ပြီးရင် အမျိုးအစားကောင်းတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးရပါမယ်။

နည်းလမ်း (၄) ရှားစောင်းနှင့် ပျားရည်တို့ သုံးပြီး ဆံကေသာ ထိန်းသိမ်းမှု

ဆံပင်ကို ဘေးနှစ်ဖက် ညီညီမျှမျှခွဲပြီး ရှားစောင်းလက်ပပ် အနှစ်သားနဲ့ ပျားရည်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ဟာ ဆံပင်သား ပြန်လည် သန်စွမ်းချောမွေ့ရေးမှာ အရေးပါတဲ့အရာ ဖြစ်ပြီး ပျားရည်ကတော့ ဆံကေသာကို တောက်ပ စေပါတယ်။ ဆံပင်အနက်ရောင် ဆိုးထားသူတွေ အနေနဲ့ ပျားရည်က ဆံပင်အရောင်ကို ဖျော့စေလို့ သတိထားသင့်ပါတယ်။ ဆံပင်ကို ပျားရည်၊ ရှားစောင်းလက်ပပ် အရောအနှော သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၅-၁၀ မိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။

နည်းလမ်း (၅) ရှာလကာရည်သုံးပြီး ဆံကေသာ ထိန်းသိမ်းမှု

ဆံပင်ကို ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်ပါ။ နောက်ဆုံးမှာ ရေအေးနဲ့ ဆေးချတာက ရှမ်ပူ အကြွင်းအကျန်တွေကို ကင်းစင်စေပါတယ်။ ရှားစောင်းလက်ပပ် နှစ်ခွက်နဲ့ ရေတစ်ခွက်တို့ကို ဆတူရောမွှေကာ ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှ သန့်စင်တဲ့ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကို တစ်ပတ်တစ်ကြိမ် သုံးနိုင်ပါတယ်။ ရှားစောင်းရဲ့ အက်စစ်ဂုဏ်သတ္တိဟာ သဘာဝဆံပင်သားနဲ့ နီးစပ်တာကြောင့် ပိုးမွှားကင်းစင်စေပြီး ဆံပင်သားကို သန့်စင်ချောမွေ့စေပါတယ်။

နည်းလမ်း (၆) ဆံပင်သား စိုပြည်တောက်ပစေမည့် သဘာဝနည်းများ

ရှမ်ပူနဲ့ ကွန်ဒီရှင်နာ ဝယ်ရာမှာ သဘာဝပါဝင် ပစ္စည်းတွေ ပါဝင်မှု ရှိ၊ မရှိ သေချာကြည့်ပါ။ သဘာဝ ပစ္စည်းတွေပါတဲ့ ရှမ်ပူနဲ့ ကွန်ဒီရှင်နာက ဆံပင်သားမှာ သဘာဝအဆီတွေ မကုန်ဆုံးအောင် ပြန်လည် ထိန်းသိမ်းပေးနိုင်ပါတယ်။ ကွန်ဒီရှင်နာလိမ်းပြီး ချက်ချင်း မဆေးလိုက်ပါနဲ။ ခဏလောက် ခေါင်းစွပ်စွပ်ထားပြီးမှ ခေါင်းလျှော်ချ သင့်ပါတယ်။ ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး ကြမ်းတမ်းနေရင် မကြာခဏ ညှပ်ပေးပါ။ ဆံပင်နှစ်ခွဖြစ်တာကြောင့် ဆံပင်သားကို နွမ်းနယ်၊ ခြောက်သွေ့ကာ ပျက်စီးတယ်လို့ ထင်ရစေပါတယ်။ ဆံပင်စိုနေတုန်း ခေါင်းမဖြီးပါနဲ့။ ဆံပင်ခြောက်တဲ့အထိ ညင်ညင်သာသာ သုတ်ပြီးမှ ခေါင်းပြီးပါ။ ဆံပင်ကို အလွန်အမင်း မဖြီးပါနဲ့။ ဆံသားပြတ်တောက်မှု ဖြစ်စေနိုင်လို့ပါ။ ဆံပင်သား ကျန်းမာလှပစေဖို့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ တခြားအာဟာရဓာတ် အပြည့်ပါတဲ့ အစားအစာတွေကို စားပေးပါ။ ရေများများ သောက်ပါ။ ပရိုတင်းဓာတ် များများပါတဲ့ အစာစားတာကြောင့် ဆံပင်သားကို သန်စွမ်းစေပြီး ဆံကေသာကို တောက်ပစေပါတယ်။

ဇွန်

myawady news facebook မှ သိသမျှ ။

No comments:

Post a Comment