Sunday 5 May 2013

စိတ်ဓါတ်ကြံ့ခိုင်ဖို့


လူတစ်ယောက်မှာ ...
ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ထက် ...
စိတ်ဓါတ်ကြံ့ခိုင်ဖို့က ပိုအရေးကြီးတယ်။

ပျော့ညံ့တဲ့သူတွေဟာ ...
စိတ်ဓါတ်ကျ လွယ်တယ် ...
ပြန်မရနိုင်တော့တာတွေအတွက် ...
အချိန်ဖြုန်းကာ ဆွေးမြေ့ကြေကွဲကြတယ်။
လမ်းပျောက်သွားတဲ့ ...
ကလေးတစ်ယောက်လို ငိုကြွေးကြရင်း ...
လောကဓံကို လက်လျှော့ အရှုံးပေးကြတယ်။

စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတွေကတော့

...
ငိုနေလို့ ပြန်မရနိုင်တာတွေ ...
စိတ်ဓါတ်ကျလို ဘာမှမထူးတာတွေကို ...
အချိန်ကုန်ခံပြီး တွေးမနေ ငေးမနေတော့ဘဲ ...
ဘ၀မှာ ...
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ...
သတ္တိစွာရင်ဆိုင်ရင်း အရှုံးမပေးတတ်ကြပါဘူး။

မြ၀ဏိုးစံ(စာပေဥယျာဉ်)

myawady news facebook မှ သိသမျှ ။

No comments:

Post a Comment