Thursday 16 May 2013

လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ဆန်း


လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် NCo Vခေါ် ကော်ရိုနာဗိုင်းရပ်စ် ဆန်းတစ်မျိုး ကူးစက်နိုင်ဖွယ် ရှိသည်ဟု WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က ထုတ်ပြန် ကြေညာ ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။ လူအချင်းချင်း ကူးစက်စေနိုင် ၍ အဆိုပါ ဗိုင်းရပ်စ်ကို ဒုတိယလူ ကတစ်ဆင့် ကူးစက်မှု ပြန့်ပွားခဲ့ ကြောင်း ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုအပြီး တွင် ထိုကဲ့သို့ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး အရာရှိများ၏ အဆိုအရ ယင်းဗိုင်းရပ်စ်ကြောင့် ဆော်ဒီအာရေဗျမှ လူနှစ်ဦးသေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ NCo V ဗိုင်းရပ်စ်ကြောင့် အဆုတ် ရောင်ရောဂါကို ဖြစ်စေကာ တစ်ခါ တရံ ကျောက်ကပ် ပျက်စီးတတ် သည်ဟု ဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် ပျံ့နှံ့ဖွယ်ရာ ရှိ၍ စိုးရိမ်မကင်း ဖြစ်မိ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တာဝန်ရှိ သူများက ထုတ်ဖော်ပြော ဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ၃၃ ဦးရောဂါ ခံစားခဲ့ ရကြောင်း၊ ၎င်းတို့ အနက် ၁၈ ဦးသေဆုံး ခဲ့ကြောင်း ဒဗလျူအိတ်ခ်ျအို၏ များမကြာမီ က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ ရောဂါဖြစ်ပွားမှု ကြောင့် ဆော်ဒီအာရေဗျနှင့် ဂျော်ဒန် နိုင်ငံတို့တွင် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ဂျာမဏီ၊ ယူကေနှင့် ပြင် သစ်နိုင်ငံတို့ အထိ ယင်းရောဂါ ပြန့်ပွားလျက် ရှိသည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရပြီးခဲ့သည့် နွေရာသီမှစ၍ ယင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသူ ၂၄ ဦးရှိခဲ့သည့် အနက်
၁၅ ဦး သေဆုံး ခဲ့ကြောင်း ဖော်ပြထား သည်။ NCo V ခေါ် ကော်ရိုနာဗိုင်း ရပ်စ်ဆန်း တစ်မျိုးသည် ၂၀၀၃ ခုနှစ်တွင် အာရှတိုက်၌ ပေါ်ပေါက် ဖြစ်ပွားခဲ့သော (Severe Acute Respiratory Syndrome - Sars) ခေါ်အသက်ရှု ကျပ်ရောဂါဖြစ်စေ သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့် မျိုး ရင်းတူဖြစ်ကြောင်း ဒဗလျူအိတ် ခ်ျအိုက ထုတ်ဖော်ပြောဆို ခဲ့သည်။
NCo V နှင့် Sars တို့သည် တစ်ဦး နှင့် တစ်ဦးကူးစက်ရန် လွယ်ကူ သည်ဟု မေလ ၁၂ ရက်နေ့ထုတ် ပြန်ကြေညာ ချက်ဖြင့် ဒဗလျူအိတ် ခ်ျအိုကဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် လူနှင့် တိရစ္ဆာန် နှစ်မျိုးစလုံးအတွက် အသက်ရှုလမ်းကြောင်းတွင် ကူး စက်စေနိုင်သည်ဟု ဆိုကြောင်း ဘီဘီစီ သတင်းတွင် ရေးသားထား သည်။

မာန်သစ်နိုး


ဗီးနပ်စ် သတင်းဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment