Wednesday 29 May 2013

ကိုယ့်ရေးကိုယ်တာ ကိစ္စမို့ပါ


အမျိုးသားတစ်ဦးဟာ ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်း ကနေ ဧည့်ကြိုကောင်တာဆီကို အလျင်စလို
ဖုန်းခေါ် နေပါတယ်။
"ဒီမှာ ကျုပ်မိန်းမနဲ့ ကျုပ်စကားများနေလို့ ဒီလို မြန်မြန်လာပေးပါ။ ဟိုတယ်ပြတင်းပေါက်ကနေ
ခုန်ဆင်းချမယ်လို့လည်း ပြောနေတယ်"လို့ အမျိုးသားက ပြောလိုက်ပါတယ်။
ဟိုတယ်မန်နေဂျာက "ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ မပါချင်ဘူး
ခင်ဗျာ။ ဟိုတယ်နဲ့ ဟိုတယ်ဝန်ထမ်းတွေအနေနဲ့ ဒီလိုကိစ္စမျိုးမှာ ၀င်ရောက်စွက်ဖက်ဖို့ ၀တ္တရား
မရှိပါဘူး"လို့ အမျိုးသားကို ပြန်ပြောလိုက်ပါတယ်။
အဲဒီအခါ စိတ်ဆိုးတကြီးနဲ့ အမျိုးသား ထပ်ပြောလိုက်တာက "သောက်ကျိုးနဲ..ဒါ ကိုယ်ရေး
ကိုယ်တာ ကိစ္စ။ ဟုတ်လား။ ဒီမှာ သောက်ရေးမပါတဲ့ ပြတင်းပေါက်က
မပွင့်ဘူးကွ။ အဲဒါ ဟိုတယ်
က မြန်မြန်လာလုပ်ပေးရမယ့် ကိစ္စမဟုတ်ဘူးလားကွ .. ဟေ"တဲ့။


 မြန်မာတိုင်း မှ သိသမျှ ။

No comments:

Post a Comment