Tuesday 21 May 2013

မျက်ခုံးမွေးသန်စေရန် နည်းလမ်းများ


သဘာဝနည်းအရ မျက်ခုံးမွေးများရှင်သန်စေလိုလျှင် မျက်ခုံးမွှေးနှုတ်ခြင်းကို
ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်များသောက်ရသည့် Prenatal ဗီတာမင်ကို
စားခြင်းဖြင့် မျက်ခုံးမွှေးသန်စေသည်။ သို့သော် သံဓာတ်မြင့်မားမှုကြောင့် ၀က်ခြံ ထွက်စေသည်။ ဗီတာမင် စီ၊ အေ၊ ဘီ၃၊ အီးပါဝင်သည့် ဗီတာမင်
အားဆေးသည်လည်း မျက်ခုံးမွှေးပြန် ပေါက်ရန် အထောက်အကူဖြစ်စေ သည်။

အသီးအရွက်များ၊ ဗီတာမင်အီးကြွယ်ဝသောအစားအစာများ၊ အမိုင်နို
အက်ဆစ်တို့သည်လည်း

အမွှေးများကို ရှင်သန်စေသည်။

ထို့ပြင် မျက်ခုံးမွေး အောက်ရှိ မွှေးညှင်းပေါက်များကို နှိပ်နယ်ပေးခြင်း၊ အချိန်ရလျှင်ရသလို သံလွင်ဆီ၊ ကြက်ဆူဆီ၊ ဗီတာမင်အီးအဆီ၊ Vaselin တစ်ခုခု ကို လိမ်းပေးခြင်းဖြင့်လည်း မျက်ခုံး မွှေးကို ရှင်သန်စေသည်။

ဒေါန
Health Updates Journal

No comments:

Post a Comment