Saturday 1 June 2013

ငါဘယ်သူလဲ ဆိုတဲ့ ငယ်ငယ်


အဆိုတော် ငယ်ငယ်က တစ်ကိုယ်တော် တေးစီးရီးကို ဇူလိုင်လမှာ ထွက်ဖြစ်မည် ဟု ပြောသည်။
”သီချင်းပုံစံကတော့ R&B တွေ များမှာပါ။ အဲလက်စ်၊ ရန်ရန်ချန်း နဲ့ သီရိဆွေ က ကူညီ သီဆိုပေးပါတယ်။ နာမည် ကတော့ ခုလောလောဆယ် ကျားပေါက် ရေးပေး ထားတဲ့ ‘ငါဘယ်သူလဲ’  ဆိုတဲ့ သီချင်းကို title ပေး ဖို့ စဉ်းစားထားပါတယ်။ ဒီအခွေ လုပ်နေတာလည်း ကြာသွားတော့ အခွေ ထွက်ပြီးမှပဲ ပြန်ဆိုတော့မယ် လုပ်ထားလို့ နည်းနည်း ငြိမ်သလို ဖြစ်သွားတယ်။ ပွဲလေးတွေတော့ ဆိုဖြစ်နေပါတယ်”ဟု ငယ်ငယ် က ပြောသည်။
ယခုလက်ရှိ မိန်းကလေး ရက်ပ်အဆိုတော်တွေ အနေနဲ့လည်း အားစိုက်ထုတ်မှု ပိုင်းရော၊ နည်းပညာ ပိုင်းရော ပြောစရာ မရှိအောင်ကောင်းကြောင်း အဆိုတော် ငယ်ငယ်က ဆိုသည်။ သူငယ်ချင်း များဖြင့် ယခုသက် လတ် ပိုင်း အထိ စည်းလုံး ညီညွတ်စွာ လက်တွဲနေကြသည့် အကြောင်းကို ငယ်ငယ်က
”ငယ်တို့မှာ တစ်ယောက် နဲ့ တစ်ယောက် ဖုံးထား ကွယ်ထားတာ မရှိဘူး။ မကျေနပ်တာတို့ ဘာတို့ဆိုလည်း ချက်ချင်းပြောကြ တယ်။ ပွင့်ပွင့် လင်းလင်းနေကြတဲ့ အတွက် ခုချိန်ထိ လက်တွဲနေနိုင်ကြ တယ် ထင်ပါတယ်” ဟု ငယ်ငယ်က ပြောသည်။
 
ရဲရဲ

Pooular Myanmar.Com မှ သိသမျှ ။

No comments:

Post a Comment