Monday 3 June 2013

မသန်စွမ်း တစ်ယောက်ကို နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်အောင် လုပ်ဆောင်နေတဲ့ ဇော်ဝင်းထွဋ်




မသန်စွမ်းသူတွေ ရဲ့ သံတမန် တစ်ဦး ဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်က ဂီတ အလုပ်ကို ပုံမှန်ပဲ လုပ် ဖြစ်နေတယ်လို့ ပြောပါတယ်။ လတ် တလော ဂီတ လှုပ်ရှားမှု ပုံစံနဲ့ ပတ် သက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က
“နောက်သန်ဘက်ခါကျရင် မန္တ လေးကို သွားဖို့တော့ ရှိတယ်။ ပွဲတစ် ပွဲအတွက်လေ။ ဒါပေမဲ့ အဲဒါလည်း သိပ်မသေချာသေးပါဘူး။ စတိတ်ရှိုး ဆိုဖို့ကကျတော့ ကြာဦးမယ်။ စီစဉ် ထားတာ မရှိသေးဘူး။ အခုမဆွေ (မေဆွိ)ရဲ့ အခွေထဲမှာ စုံတွဲ အနေ နဲ့ တစ်ပုဒ် သီဆိုပေးထားတယ်။ မဆွေ နဲ့က ဟိုးအရင်ကတည်း က မောင်နှမတွေ လို နေလာခဲ့ကြတော့ မဆွေရဲ့ ရွှေရတု ပွဲလေးကို စီစဉ်လုပ်ဆောင် ပေးခဲ့တယ်။

အခုထွက်ရှိထားတဲ့ မဆွေ ရဲ့”ရွှေရောင်တေးများ” ကိုလည်း စီစဉ် ဖြစ်တော့ ပါဝင် သီဆို ဖြစ်သွားတာ။ သူက အခုအမေရိက ထွက်သွားပြီ။ သူ ဒီနှစ်ကုန်လောက် ပြန်လာမယ် ထင်တယ်။ ပြန်လာတဲ့ အချိန်ကျ အကောင်းဆုံး ဖြစ်အောင်ပေါင်းလုပ် ဖို့တော့ အစီအစဉ်တွေ ရှိတယ်။ အခု အစ်ကို့ရဲ့ စောစောက ထွက်ရှိထားတဲ့ “လူ” စီးရီးကို အသံ အနေအထား နဲ့ ရုပ် ကအစ အကောင်းဆုံး ဖြစ်အောင် ဗီစီ ဒီရိုက် ဖို့ ပြင်ဆင်နေ တယ်။

မကြာခင် မှာ ပရိသတ်လက်ထဲ ရောက်လာ တော့မှာပါ။ အစ်ကို ကလောလော မလုပ်ဘူး။ ပုံမှန်လေးပဲ လုပ်တယ်။ နောက်တစ်ခု ရှိတာက မကြာခင်မှာ မသန်စွမ်း သူတွေရဲ့ ပြိုင်ပွဲတွေ ရှိတယ်လေ။ တစ်နိုင်ငံလုံး မှာရှိတဲ့ မသန်စွမ်း သူတွေရဲ့အားကို အဓိကထားပြီး အစ်ကို အလုပ်တစ်ခု လုပ်နေတယ်။ ဘာလဲ ဆိုတော့

မသန်စွမ်း သူတွေ ထဲ ကမှ ဂီတကို တအား ဝါသနာပါတဲ့တစ် ယောက်ကို နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်အောင် လုပ်ပေးဖို့ စီစဉ်နေတယ်။

အစကနေ အဆုံး အခွေ ထုတ်ပေး ဖို့ အထိပေါ့။ အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ ချပြတယ်။ ဂီ တကို လုပ်နိုင်သရွေ့တော့ ဆက်လုပ် သွားမယ်” လို့ပြောပါတယ်။ ဂီတလော က အခြေအနေနဲ့ ပတ်သက်လို့လည်း “အရင်က ထက်စာရင် ပိုကောင်းလာပါတယ်။ သိပ်တော့ အားမရသေးဘူး။ ဒါပေမဲ့လည်း နောက်ပိုင်း သူ့ဟာ နဲ့သူ အဆင်ပြေသွား မှာပါ” လို့ ပြောသွားပါ တယ်။

သတင်း၊ဓာတ်ပုံ-Mဘွယ်

Popular Journal မှ သိသမျှ ။



No comments:

Post a Comment