Thursday 27 June 2013

ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တဲ့ မိန်းကလေးများ



စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။

စာဖတ်ခြင်းကိုနှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။

စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။

ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။

လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။

အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ

တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။

စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။

သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။

စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။

သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင် မခံဘူး။

အခြေအမြစ်ကို အရဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။

သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။

ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။

နိုင်းနိုင်းစနေ

သိသမျှ မျှဝေရာ ။

No comments:

Post a Comment