Friday 14 June 2013

JUNE လအတွက် ဗေဒင်ဟောစတမ်း




တနင်္ဂနွေ ။ ။ အလုပ်အကိုင်အဆင်ပြေမည် ။အိမ်ရောင်းဝယ်ရေး အုပ်ချုပ်ရေး အားကစား အကျိုးဆောင် လုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေး ပစ္စည်းများ အရှုံးပေါ်နိုင်သည် ။ အိမ်ထောင်ဖက်နှင့် စကားများရတတ်သည် ။ဆေးစားမှားပြီ ကျမ္မာရေးထိခိုက်နိုင်ပါသည်။သတိထားပါငွေ ၀င်မလိုနှင့်ထွက်ခြင်း ။ငွေကျပျောက်ခြင်းများ ကြုံတွေ့ မည် ။စနေသားသမီး နှင့်တွဲဖက်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုရမည်။

ယတြာ ။ ။ မွေးနေ့ မနက်တွင် အိမ်ကဘုရားကို အုန်းထမင်း (သို့ ) အုန်းနို့ ဆန်ပြုတ်လှုပေးပါ ။

တနင်္လာ ။ ။ အလုပ်ဆင်ပြေသော်လည်း ထင်သလောက်ငွေမ၀င်ပါ ငွေချေးထားပြီး ပြန်မဆပ်သူများကြောင့် စိတ်ဆင်းရဲနေမည် ။ငယ်ရွယ်သူများ ချစ်သူ၏အထင်လွဲခြင်း ခံရမည် ။မြေ အမွေကိစ္စ စကားများရ တတ်သည် ။ ယုံကြည်ရသူ၏ သစ္စာမဲ့မှုကြောင့် ငွေကြေးများဆုံးပါးတတ်သည် ။ ငွေကုန်ပြီး အကျိုးမရှိသော ခရီးသွားရတတ်သည် ။ ထီ ထီးနာရီ ပျောက်တတ်သည် ။ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာရတတ်သည် ။

ယတြာ ။ ။ အိမ်ကဘုရားတွင် ကျောက်ကျော (၁၅) တုံးလှုပေးပါ ။

အင်္ဂါ ။ ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာပေ လုပ်ငန်းများ အကျိုးပေးမည် ။ ငွေပေးခြင်း ငွေချေးခြင်း ကျောက် ကား ခရီးသွားလုပ်ငန်းများ အဆင်မပြေပါ ။ အိမ်တွင်းရေးအဆင်မပြေတတ် ။ အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည် ။ ပျော်ရွှင်သောခရီးသွားရတတ်သည် ။ အထားမှားသဖြင့် ရွှေပျောက်တတ်သည် ။ ၀မ်းနှင့်ပတ်သက်သော ဝေဒနာ ခံစားရတတ်သည် ။ ငယ်ရွယ်သူများ
အချစ်ရေးကံမကောင်းသောလဖြစ်ပါသည် ။

ယတြာ ။ ။မွေးနေ့ တွင် ဆန် ( ၃) လုံးကိုဆွမ်းချက်ပြီး သံဃာတော်များကိုလောင်းလှုပါ ။

ဗုဒ္မဟူး ။ ။ အလုပ် အလွန်များသောလ ဖြစ်နေမည် ။ ကျောက် ကား ငွေကြေး ခရီးသွားလုပ်ငန်းများ အစိုးရ ၀န်ထမ်းများ ကုမ္မဏီ ၀န်ထမ်းများ စိတ်ချမ်းသာမှု ရလိမ့်မည် ။ အတိုက်အခံ ရှိသော်လည်း သင်အောင်မြင်လိမ့်မည် ။ သားသမီးကြောင့် ငွေကုန်မည် ။ ငယ်ရွယ်သူများ ချစ်သူ၏ သစ္စာ ဖေါက်ခံရခြင်း မျက်နှာများသော ချစ်သူကြောင့် စိတ်ဆင်းရဲရခြင်းများ ကြုံတွေ့ မည် ။ မမျှော်လင့်ပဲ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရတတ်သည် ။

ယတြာ ။ ။ မွေးနံ ဘုရား ထောင့်တွင် စက္ကူယပ် (၄)ချောင်းလှုပြီး လိုရာဆုတောင်းပါ ။

ကြာသပတေး ။ ။ မိတ်ဆွေများ၏ ကူညီမှုကြောင့် လုပ်ငန်းများ အောင်မြင်မည် ။ မမျှော်လင့်ပဲငွေဝင်လာမည် ။ ငွေဝင်လာပါက ၂ ၃ ၆ ဂဏန်းများပါသော ထီ ထိုးပါ ။ မြေ မုန့်  ပဲ ပညာရေး လုပ်ငန်းများ အဆင်ပြေမည် ။ ၀န်ထမ်းများ အထက်လူကြီး ကူညီမည် ။ ယခုလအတွင်း ခရီးဝေး သွားခြင်းကို ရှောင်ပါ။ မဖြစ်မနေ သွားရမည်ဆိုလျှင် မြေပဲ (၁၉) စေ့ကို နီးစပ်ရာ ရေကန် တစ်ခုအတွင်း စွန့် ပြစ်ပြီးမှသွားပါ ။

ယတြာ ။ ။ မွေးနေ့ အိမ်ကဘုရားတွင် ဘိန်းမုန့် လှုပြီး ဗုဒ္မေါ ကို ပုတီး စိတ်ပေးပါ ။

သောကြာ ။ ။ မည်သည့်လုပ်ငန်း လုပ်လုပ် အဆင်ပြေမည် ။ သံ သဲ သွပ် ခရီးသွား လုပ်ငန်းများ စားသောက်ကုန် ဟိုတယ် လုပ်ငန်းများ ပိုမို အကျိုးရှိမည် ။ လက်အောက်ငယ်သား သတိထားပါ အမျိုးသမီး တစ်ဦးကြောင့် အိမ်ထောင်ရေး ထိခိုက်ရခြင်း မိသားစု အချင်းချင်း စကား များရတတ်သည် အလုပ် အဆင်ပြေသေည်လည်း ငွေဝင်သလောက်ပြန်ထွက်နေမည် ။ ထီး နာရီ ပျောက်တတ်သည် ၀မ်းဗိုက်နှင့် ပေါင်တို့ တွင် ဝေဒနာ ခံစားရတတ်သည် ။

ယတြာ ။ ။ မွေးနေ့ တွင် သီလရှင်တပါးပါးအားသရက်သီးတစ်လုံးလှုလိုက်ပါ

စနေ ။ ။ စပ်တူ လုပ်ငန်းများ အောင်မြင်မှုရမည် ။ မိတ်ဆွေကောင်း၏ ကူညီမှုကြောင့် စိတ်ချမ်းသာမည်. အိမ် ခြံ ကား ကျောက် ကွန်ပျူတာ အနုပညာ စာပေ ပညာပေး၊ရေး လုပ်ငန်းများ အလွန် အကျိုးပေးသည့်လ ဖြစ်သည် ။ ရေလမ်း ခရီးကို ရှောင်ပါ ။ ငယ်ရွယ်သူများ အထူး မျက်နှာပွင့်သည့်လ ဖြစ်သည် ။ချစ်သူ၏ အရေးပေးခြင်း ဂရုစိုက်ခြင်း ခံရမည့်လဖြစ်သည် ။ သို့ သော် သင့်ချစ်သူ သောကြာ သားသမီးဖြစ်လျှင် သင်ငိုပွဲဆင်ရလိမ့်မည် ။

ယတြာ ။ ။ မွေးနေ့ တွင် နာနတ်သီးတစ်လုံးကို (၇) စိပ် စိပ်ပြီးအိမ်နားမှ ကလေးများကိုဝေပေးပါ ။



 ရိုးရာလေး မှ သိသမျှ ။

4 comments:

  1. ဗေဒင်လေးဖတ်သွားပါတယ် ဦးဇော်ရေ

    ReplyDelete
  2. ကျွန်တော်ကစေနေသားပါ ဦးဇော် ဒါနဲ့မိုးသူ(တောင်ကြီး)ဘယ်သူလဲမသိဘူးနော်
    ကျွန်တော်လည်းတောင်ကြီးသားပါ

    ReplyDelete
  3. ဗေဒင်လေးလာဖတ်သွားပါတယ်အကိုရေ...
    ဗုဒ္ဓဟူးသားပါအကိုရာ...ဖတ်ရင်းခေါင်းယားလာလို့
    အိမ်ပြန်ရောက်ရင် ယတြာချေလိုက်အုန်းမယ် အကိုရေ... :)

    ခင်မင်လေးစားစွာဖြင့်
    ရာဇာထွေး

    ReplyDelete