Friday 5 July 2013

အချစ်ဆိုတဲ့ အရာ


အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင် ပေးသလား..?

စိတ်ပျက် ဝမ်းနည်းစရာတွေ ယူဆောင် ပေးသလား..?

ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား...?

ခါးသက်ခဲ့ သလား...?

အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...

"အချစ်"ကို သိချင်တဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသည်းကွဲနေတဲ့ မိန်းမငယ် တစ်ယောက်ကို တွေ့လို့ "အချစ်က ဘာလဲ"လို့ မေးတော့ မိန်းမငယ်က “အချစ်ဆိုတာ လူကိုနာကျင် စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွား ခဲ့တယ်”လို့ ပြန်ဖြေ ခဲ့တယ်။

လူငယ်ဟာရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကိုတွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ “ အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။

မတူညီတဲ့အဖြေတွေကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေမှာ အရာရာကိုအကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူးခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့
မှတ်ချက်ချလိုက်တယ်။

ကိုယ်သိချင်တဲ့အဖြေကို သိခဲ့ပြီလို့ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ သူတွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။

အဘိုးအိုက ....

“ပြီးဆုံးခဲ့တဲ့အချစ်အတွက် နာကျင်ထိခိုက်မနေပါနဲ့၊ ရှိခဲ့ဖူးတဲ့အချစ်အတွက် ပြုံးလိုက်ပါ” လို့ အချစ်ကို ဖွင့်ဆိုလိုက်ပါတယ်။

နိုင်းနိင်းစနေ


yoyarlay မှ သိသမျှ ။





No comments:

Post a Comment