Friday 26 July 2013

သူတောင်းစား ဋီကာ {သို့} သူတောင်းစား တစ်ယောက်၏ဖွင့်ဟ၀န်ခံချက်



တောင်းစားရတာ လွယ်တယ်များမှတ်နေလား
အနည်းဆုံး ခွက်တစ်လုံးတော့ ကိုင်ထားရသေးတယ်ဗျ ၊၊

ဆယ်နှစ်တောင်မပြည့်သေးဘူး တောင်းရမ်းနေရရှာတဲ့
ကလေးငယ်လေးတွေကို ခင်ဗျားတို့တွေ့ဖူးမှာပါ
မွေးကတည်းက ပုံသွင်းခံခဲ့ရတဲ့ ကျုပ်တို့
အသိညာဏ်မှ မပြည့်ဝတာ တောင်းပဲစားတတ်တာကို
ကျိုးကန်းနေတာလဲမဟုတ်ဘူး အလုပ်မလုပ်ပဲနဲ့
အပျင်းကြီးတာလို့တော့ မသမုတ်လိုက်ပါနဲ့ ..

အိမ်ထောင်စုဇယားမရှိ မှတ်ပုံတင်မရှိ ပညာအရည်အချင်းမရှိ
နေရာအတည်တကျမရှိတဲ့ ကျုပ်တို့ကို
ဘယ်သူက အလုပ်ခန့်ချင်မှာလဲ
ဘယ်သူက ယံုံမှာလဲ ...

ကျုပ်တို့မှာလဲ မာနဆိုလို့
ခင်ဗျားတို့စွန့်ကြဲတဲ့ တစ်ဆယ်နှစ်ဆယ်လာက်ကို မယူပဲ
လှည့်ထွက်လာတာမျိုး တချို့က မိုက်ရိုင်းစွာတုံပြန်တတ်တာမျိုးပဲရှိတာပါ
ကျုပ်တို့ကျင်လည်တဲ့ အသိုင်းအ၀ိုင်းက ခင်ဗျားတို့လောက်တော့


ဘယ်ယဉ်ကျေးမလဲဗျာ မိဘတွေမှ သင်မပေးတာ
အသိညာဏ်တွေက အစဉ်အဆက် မဖွံဖြိုးခဲ့တာပဲလေ ...

ခင်ဗျားစဉ်းစားကြည့် ခင်ဗျားတို့သားသမီးတွေကို
တစ်ဆယ်နှစ်ဆယ်လောက် မုန့်ဖိုးဆိုပြီး ပေးကြည့်ပါလား ....

ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားပေးတဲ့ငါးဆယ်နဲ့ ကျုပ်တောင်းသမျှလေး
နှစ်ရာပြည့်သွားပြီ ငါးဆယ်ထက်မကအောင် ကျုပ် အရမ်းကျေးဇူးတင်ပါတယ်
နောက်နောင် သက်ကြီးရွယ်အိုတွေတွေ့ရင် ကျူပ်ထက်ငယ်တဲ့
ကလေးငယ်တွေတွေ့ရင် ငါးဆယ်ထက်မက ပိုပေးနိုင်ပါစေဗျာ ...

ဘ၀ လမ်းညွှန်

Myanmar News Updat.

https://www.facebook.com/pages/တွဲလက်များ/197125167116060 ။ HWWL တွဲလက်များ ဖေ့ဘုပ် မှ သိသမျှ ။

No comments:

Post a Comment