Wednesday 3 July 2013

ခြင်ကိုက်ခံရနိုင်ခြေ များသူများ


ခြင်မတွေက ကိုက်တာဖြစ်ပြီး ခြင် ထီးတွေက လူ့သွေးကို မစုပ်ယူပါဘူး။ ခြင်မတွေက သွေးစုပ်ယူပြီး မျိုးဆက်ပွား များတာ ဖြစ်ပါတယ်။ လူအများ စုဝေးနေ ချိန်မှာ ခြင်တွေက ဘယ်သူ့ကို ပိုပြီး ကိုက် တတ်သလဲ ဆိုတဲ့ အချက်ကို သိထားသင့် ပါတယ်။ ဒါမှ သာခြင်အကိုက် မခံရအောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပြီး ခြင်ကြောင့် ရရှိ တတ်တဲ့ ရောဂါ ဝေဒနာတွေ ကင်းဝေး မှာ ဖြစ်ပါတယ်။

ဘီယာသောက်ထားသူ

ဘီယာသောက် ထားတဲ့အခါ အရေ ပြားဓာတုဗေဒစနစ် ပြောင်းလဲသွားတဲ့အ တွက် ခြင်တွေ သဘောကျတတ်ပါတယ်။ ခြေထောက်အနံ့ဆိုးထွက်သူ ခြေထောက် အနံ့ဆိုး ထွက်နေတဲ့အ ချိန်မှာ
သင်းပျံ့နေချိန်မှာထက် ခြင်ကိုက် ခံရနိုင်ခြေ ၁၀ ဆ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်ထားသူ

ကိုယ်ဝန်ဆောင် ထားချိန်မှာ ကာဗွန် ဒိုင်အောက်ဆိုက်တွေ ပိုအထွက်များပြီး ဝမ်းဗိုက်ဟာ ကိုယ်ဝန် မရှိချိန်ကထက် အ ပူချိန် ပိုမို မြင့်တက် နေပါတယ်။ ဒီအချက် က ခြင်ကိုက်ခံ ရနိုင်ခြေ များစေတဲ့ အချက်ပါ။

ဇွန်

Good Health ကျန်းမာရေးနှင့်အလှပဂျာနယ် မှ သိသမျှ ။


No comments:

Post a Comment