Wednesday 31 July 2013

နှင်းဆီပန်းတွေရဲ့ အရောင်နဲ့ အဓိပ္ပါယ်


ကျွန်တော့် အထင်တော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး မဖြစ်ရင်တောင် လူသုံး အများဆုံး ပန်းကတော့ နှင်းဆီပန်း ဖြစ်လိမ့်မယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးတွေက နှင်းဆီပန်းကို စိတ်ဝင်စား နှစ်ခြိုက် ကြသလို ကောင်းလေးတွေ ကတော့ ချစ်သက် လက်ဆောင်ပေးတဲ့ ပစ္စည်းတစ်ခု အဖြစ်နဲ့ သုံးကြတော့ ကျွန်တော် ပြောစကား မမှားလောက် ပါဘူးနော်။ အခု ကျွန်တော် ပြောပြမှာက အဲဒီ နှင်းဆီပန်းတွေရဲ့ အရောင်တွေနဲ့ အဓိပ္ပါယ်တွေကိုပါ။ ကြည့်ရအောင်နော်…။

(၁) အနီရောင် – အချစ်ကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ပထမဆုံး ချိန်းဆိုတွေ့ဆုံမှု၊ ချစ်ခွင့်ပန်တဲ့ အချိန်)

(၂) အဝါရောင် – ချစ်ခင်ရင်းနှီးမှု၊ ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ထမင်းစားပွဲတွေ တက်ရောက်ချိန်၊ ပျော်ပွဲစားပွဲတွေ ထွက်ချိန်)

(၃) ဗေဒါရောင် – နန်းဆန်မှု၊ ကြီးကျယ် ခမ်းနားမှုကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – သူဌေးကို လက်ဆောင်ပေးဖို့၊ ခမ်းနားတဲ့ အခမ်းအနားနဲ့ ညစာစားပွဲတွေ ကျင်းပချိန်)

(၄) ပန်းရောင် – အချစ်၊ ကျေးဇူးတင်တယ်၊ နှစ်သက်လိုဟန် အဖြစ် ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ၀န်ချတောင်းပန်တဲ့ အချိန်၊ ကျေးဇူးတင်စကား ပြောဆိုဖို့ ရှိချိန်)

(၅) အဖြူရောင် – ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သဘောထားရိုးခြင်း အဖြစ် ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – မင်္ဂလာဦးည၊ အနောက်တိုင်း ရိုးရာပွဲလမ်းသဘင် တက်ရောက်ချိန်(အိတ်ကပ်တွင် ထည့်ခြင်း) ဇနီးသည်နဲ့

ကွာရှင်းချိန် သို့မဟုတ် ဇနီးသည် သေဆုံးချိန်)

(၆)လိမ္မော်ရောင် – ဆုံးဖြတ်ချက်ချခြင်း၊ ခံစားချက် ပြင်းပြခြင်း အဖြစ် ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – နှစ်ပတ်လည် ပျားရည်ဆမ်းခရီးထွက်ချိန်၊ အောင်မြင်မှု အထိမ်းအမှတ် ပွဲလမ်းသဘင်တွေနဲ့ အိမ်ထောင်သည် တွေ အဆင်မပြေ ဖြစ်ပြီး ပြန်လည် ချော့မော့ချိန်)

ayechanmon fb မှ သိသမျှ ။

No comments:

Post a Comment