Friday 5 July 2013

မော်ဒယ်စမိုင်းလ်က အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအတွက် အ၀တ်အစား အသုံးအဆောင်နှင့် အလှူငွေများ လှူဒါန်း


အနုပညာလောကထဲသို့ တစ်ကျော့ပြန် ၀င်ရောက်ခဲ့သော မော်ဒယ်သရုပ်ဆောင် စမိုင်းလ်သည် အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအတွက် လိုအပ်သည့် အ၀တ်အစား အသုံးအဆောင်များနှင့် အလှူငွေများ ကို ၃၀-၆-၂၀၁၃ ရက် ညနေက လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စမိုင်းလ်က''ကိုဝင်းဇော်ကို အင်တာနက်မှာ တွေ့တယ်။ အမျိုးသားကလည်း လှူချင်တယ်။ သူက ရောဂါ တစ်ခုပေါ့။ အဲဒါလေးကိုလည်း ကုမှဖြစ်မှာလေ '' ငယ်ငယ်တုန်းက ကြားဖူးတယ်။ ဇီးကွက်စိန် ဆိုတာလေ။ ဒါပေမယ့် မမှီခဲ့ဘူး။ မြန်မာပြည်မှာ ဒီမျိုးဆက် တစ်ခုမှာဆို ပထမဆုံးလို ဖြစ်နေတော့ အဲဒါကို တွေ့လည်း တွေ့ချင်တယ်။ သူက တော်တော်လေး ခိျု့တဲ့တယ် ဆိုတာကို သိရတော့ သူလိုအပ်တာလေးတွေကို ကူညီချင်လို့ လှူဖြစ်တာပါ။
လူတွေက အမြဲတမ်း လာပြီးတော့ ပြဇာတ်တွေမှာ ပြစားသလို ဓာတ်ပုံ လာရိုက်လိုက်၊ ပြန်သွားလိုက်နဲ့ သူအတွက် ဘာမှ အထောက်အကူ မပြုဘူး ပေါ့နော်။ တကယ် ဖြစ်စေချင်တာက သေသေချာချာ ထောက်ပံ့ပြီးတော့ လုပ်ပေးစေချင်တယ်။ အဲဒီအတွက် ကိုယ့်ဘက်က လုပ်နိုင်တဲ့ အပိုင်းကတော့ အနုပညာမောင်နှမတွေ၊ စာနယ်ဇင်းတွေကိုလည်း
အကူအညီ တောင်းထားတယ် " ဟု ပြောသည်။ ကိုဝင်းဇော်ဦးအတွက် လိုအပ်သည့် ဖိနပ်များ၊ အင်္ကျီများနှင့် ပုဆိုးများကို အော်ဒါ မှာယူကာ လှူဒါန်းပေးမည် ဖြစ်ပြီး၊ အလှူငွေကိုလည်း မော်ဒယ်စမိုင်းလ်မှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


Pyimyanmar Journal မှ သိသမျှ ။

No comments:

Post a Comment