Sunday 18 August 2013

လူတချို့က

 
လူတချို့က
အစစ်အမှန်ကိုကြောက်ရွံ့တယ် ရုပ်လုံးမပြတတ်ကြဘူ
 
လူတချို့က
အားနာလို့ အ ချင်ယောင်ဆောင်တာကို တကယ် အ တယ်လို့ထင်တတ်ကြတယ်  
 
လူတချို့က
နည်းနည်းလေး အလျော့ပေး အလေးထားဆက်ဆံတာနဲ့ ခေါင်းပေါ်တက်ဖို့ ၀န်မလေးကြဘူး 
 
လူတချို့က
ရိုးရှင်းတဲ့ကိစ္စရပ်တချို့ကို ကိုယ့်မှာရှိတဲ့မရိုးမရှင်းစိတ်ထားနဲ့တွေးတောပြီး ရှုပ်ထွေးအောင်လည်းပြုတတ်ကြတယ် 
 
လူတချို့က
ဖစ်သင့်မဖြစ်သင့်မစဉ်းစားပဲ ကိုယ်ဖြစ်ချင်တာကိုသာဦးစားပေးပြီးမြေခွေးပမာ အကောက်ကြံတတ်ကြတယ် 
 
လူတချို့က  
အရှေ့မှာပြုံးနေသလောက်အနောက်မှာ မဲ့နေတတ်ကြတယ် 
 
လူတချို့ 
အပေါ်ယံမှာ သကာချိုတွေပြည့်နေသလောက်အတွင်းစိတ်မှာ မစင်ပုပ်တွေနဲ့ပြည့်နေတတ်ကြတယ် 
 
လူတချို့က 
ဘ၀ဆိုတာ တိုတိုလေးဆိုတာ မသိကြဘူး ပူလောင်ခြင်း မနာလိုခြင်း ကောက်ကျစ်ခြင်း ကုန်းချောခြင်း
တွေနဲ့ပဲအချိန်ကုန်နေတတ်ကြတယ်
 
 
 သက်တန့်ချို
 
သိသမျှ ။ 

1 comment:

  1. သိပ်ကောင်းတဲ့ စာသားလေးတွေ ဖတ်သွားပါတယ်။

    19-8-2013
    မကြီးလွမ်း

    ReplyDelete