Tuesday 19 November 2013

အတိတ်ဆိုတာထက် အနာဂတ်ကပိုပြီးအရေးပါတယ်


လူတစ်ယောက်အတွက်အနာဂတ်ကောင်းဖို့ကအရေးကြီးတယ်
အတိတ်မှာဘယ်လောက်နာကျင်ခဲ့ရပါစေ
ကိုယ့်ကိုနာကျင်စေခဲ့သူတွေရှေ့မှာ ပြန်ပြီးပြုံးပြနိုင်ရမယ်

ဘဝမှာပြီးပြည့်စုံနေတဲ့ လူဆိုတာမရှိပါဘူး
ရှိတဲ့အရာတွေနဲ့ ပြီးပြည်စုံအောင်နေနေတက်ကြလို့ပါ
အတိတ်ပုံပုံရိပ်တွေထဲက ရုန်းမထွက်နိုင်သေးသ၍တော့
အနာဂတ်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ဖို့က အလွန်အမင်ခဲရင်း နေလိမ့်မယ်

သင့် ကို သင် နာကျင်အောင်မလုပ်ရက်တာ
သင့် ကိုနာကျင်အောင်လုပ်သွားတဲ့လူတွေအတွက်
တန်ဖိုးရှိတဲ့အနာဂတ်တွေကို ဖြုန်းတီးမပြစ်လိုက်ချင်ပါနဲ့

မနေ့က သာ တဲ့ နေ ဟာ ဒီနေ့လျှော်တဲ့အဝတ်အစားတွေကို
ခြောက်သွေ့သွားအောင်ပြုလုပ်မပေးနိုင်ဘူး
ဒီနေ့လျှော်တဲ့အဝတ်စားတွေကို ခြောက်သွေ့သွားအောင်ပြုလုပ်ပေးနိုင်တာ
ဒီနေ့ သာ နေတဲ့ နေ သာ ဖြစ်တယ်

အတိတ် ဆိုတာထက် အနာဂတ် ဆိုတာက
ဘဝအတွက်ပိုပြီးတော့ အရေးပါတယ်ဆိုတာ မေ့မထားမိပါစေနဲ့...။


• ➹♡ Promise ♡➹•●
 

No comments:

Post a Comment