Friday 27 December 2013

ဆန်းသစ်တီထွင် အကယ်ဒမီ ဖက်ရှင်

ဆန်းသစ်တီထွင် အကယ်ဒမီ ဖက်ရှင်
 ဝါဝါဝင်းရွှေ-

“အခုခေတ် မော်ဒယ် လေးတွေ၊ မင်းသမီးလေး တွေ တော်တော် များများ ကတော့ တချို့ချိတ်လေးတွေကို ရိုးရိုး မဟုတ်ဘဲ ဒီဇိုင်းလေးတွေ ဆန်းပြီးလုပ်ကြတယ်။ တစ်ခုရှိ တာက အကယ်ဒမီ ပွဲတက် ဝတ်စုံကို လုံလုံခြုံခြုံလေးတွေပဲ ဖြစ်စေချင် ပါတယ်။ အန်တီဝါ ကတော့ အမြဲတမ်း မြန်မာ ဆန်ဆန်၊ ရိုးရိုးပဲ ဝတ်ဖြစ်တယ်။ ဒီဇင်ဘာလ လည်းဖြစ်၊ သဇင်ပန်းလည်း တအားကြိုက်တော့ သဇင် ပန်းပန် ဖြစ်တယ်”

မို့မို့မြင့်အောင်-

“အရင်တုန်း ကနဲ့ဆို ပြောင်းလဲ လာတာ တွေ အများကြီးပဲ။ အကယ်ဒမီ အတွက် ရင်ခုန်တာပဲရှိ တယ်။ မိတ်ကပ်ဆရာကပဲ အပင်ပန်းခံပြီး စီစဉ်ပေး တာ။ အခုဆိုရင်ေ တာ့ ခေတ်နဲ့အညီ ဘာပေါ်လာပြီ၊ ဘာလုပ်လာပြန်ပြီဆိုတာနဲ့ ဆံပင်က အစ ပြောင်းလဲသွား တယ်။ ခေတ်တွေပြောင်းလာတာနဲ့အမျှ ဖိနပ်က အစပေါ့။ မမို့တို့အရွယ်နဲ့အ ညီ ခေတ်နဲ့လိုက်ပြီး ဝတ် ရတာပဲ။ အဲဒီအတွက် မိုးကုတ်ပေါက်ပေါက်ကိုပဲ အားကိုးရတာပေါ့။ ခေတ်နဲ့အညီပြောင်းလဲမှုတွေ ရှိ လာပြီလေ”

မေသန်းနု-

“ဖက်ရှင်ဒီဇိုင်းတွေကတော့ ခေတ်ရေစီး ကြောင်းအလိုက် ပြောင်းလဲနေမှာပဲ လေ။ ဒီဇိုင်းမျိုးစုံနဲ့ ပြောင်းလဲပြီး ဝတ်ဆင်လာကြတယ်။ ခေတ်နဲ့ အညီ ခေတ်စား ရင် ခေတ် စားသ လိုမျိုး တီထွင်ဖန်တီးပြီး ဝတ်ဆင်ကြတယ်။ တစ်တိုင်းပြည်လုံးကြည့်တဲ့ အကယ်ဒမီပွဲမှာ ယဉ် ကျေးမှုလည်း မပျောက်ပျက်အောင်၊ အမြင်လည်း သင့် တော်အောင် ဝတ်စားသင့်ပါတယ်။ ခေတ်မီမီလေးနဲ့ မြန်မာ့ရိုး ရာလည်းမပျောက်ပျက်အောင်ဝတ်စား ဆင်ယင်သင့်တယ်။ ဒီဇိုင်းတွေကလည်း ခေတ်နဲ့အညီ ချိတ်တို့၊ ဇာတို့ အစရှိ တဲ့အပေါ်မှာ မူတည် ပြီး ပြောင်းလဲဝတ်ဆင်လာ ကြတာကိုလည်း တွေ့ရပါတယ်”

ထွန်းအိန္ဒြာဗို-

 “အကယ်ဒမီဝတ်စုံက မလတ် ချုပ်ပေးမှာပါ။ ချိတ်က တော့ မန္တလေးက ရွှေဘရဏီပိုးထည်တိုက် က စပွန်ဆာပေးတယ်။ ကျွန်မတို့ အသက်အရွယ်အရရော၊ ပွဲအနေ အထားအရရော တအားထူးခြား ဆန်းပြားလို့လည်းမရဘူး။ ကျွန်မ တစ်ယောက် တည်းရဲ့ အမြင်ပါ။ ကျွန်မက တအားထူးထူးဆန်းဆန်းကြီး တွေနဲ့သိပ်မလိုက်ဘူး။ ချိတ်တောင် မနည်းလိုက်အောင် ဝတ်ရ တဲ့ Body Structure မျိုးဖြစ်တော့ ရိုးရိုးပဲဝတ်မှာပါ”

စန္ဒီမြင့်လွင်-

 “ဒီးဒီဘာသာဒီးဒီ စဉ်းစားတဲ့ နှစ်ဆိုရင် ရိုးရိုးလေး ဝတ်ဖြစ်တယ်။ ချိတ်ကို တအားအရောင်စုံတာလည်း မကြိုက်ဘူး။ ရိုးရိုးမြန်မာဝတ်စုံဆိုရင် မြန်မာဝတ်စုံအတိုင်း ဝတ်တာ ပဲ ကြိုက်တယ်။ ချိတ်ကိုDress လို ပုံစံ မျိုးဝတ်ရတာ မကြိုက်ဘူး။ သူ့ရဲ့ ရိုးရာပုံစံမပျက်အောင်ဝတ်ရတာမျိုးကို ကြိုက်တယ်။ အကယ်ဒမီပွဲ မှာလည်း မြန်မာဆန်ဆန် ဝတ် စုံ လေးတွေပဲ မြင်ချင်ပါတယ်။ ခေတ်ဆန်ဆန်ပုံစံဒီဇိုင်းမျိုး တွေ
မမြင်ချင်ပါဘူး။ ပြောင်းလဲမှု ကိုကြိုက်ပါတယ်။ ဘယ်လိုပဲပြောင်း လဲပြောင်းလဲ သူ့ရိုးရာဝတ်စုံ ကိုတော့ မပျောက်စေချင်ပါဘူး”

သန္တာဗို-

“အခုနောက်ပိုင်း အကယ်ဒမီ ပွဲတွေမှာ ဝတ်လာကြ တာက ရိုးရိုး ရှင်းရှင်းလေးတွေ ပိုပြီးဝတ်လာကြတယ်။ အထူး သဖြင့် ရင်ဖုံးအင်္ကျီ ဒီဇိုင်းတွေ ပိုပြီး ဝတ်လာကြတယ်။ ရိုးရိုးရှင်း ရှင်းလေးနဲ့ ရင်ဖုံးပုံစံ အရင်ခေတ်က ပုံစံလေးတွေ ဝတ်လာ ကြတယ်။ ခေတ် ကတစ် ပတ် ပြန်ပြီး လည်သလို ပါပဲ။ အရင်ခေတ် တုန်းက ဒီ ဇိုင်းပုံစံ လေးတွေ ဝတ်လာကြတဲ့အတွက် အရင်ခေတ်ပုံစံတွေကို ပြန်ပြီး တွေ့နေရတယ်။ အရင်ခေတ်က ပုံစံပဲပြန်ပြီး ခေတ်စားလာတယ်။ မနှစ်က ဆိုရင်ခါးပတ်လေး တွေနဲ့မြန်မာဝတ်စုံကို ဝတ်ကြ တယ်။ ခေတ်စားတယ်။ အခု နောက် ပိုင်းတော့ ရိုးရိုးရှင်းရှင်း ရင်ဖုံးလေးတွေ ပြန်ဝတ်ကြတယ်။သန္တာလည်းအဲဒီလို ရိုးရိုး ရှင်းရှင်းပုံစံလေးတွေကို ဝတ်ရ တာ ကြိုက်တယ်။ကလေးဆန် တဲ့ပုံစံလေးတွေကိုလည်း ကြိုက် တယ်။ဒီဇိုင်နာနဲ့တိုင်ပင်ပြီး တော့လည်း အကယ်ဒမီ ဝတ်စုံ ကို ပြင်ဆင်ဖြစ်တယ်”
ကြည်ဖြူသျှင် “ဒီနှစ်ကတော့ရိုးရိုးချိတ်ထဘီနဲ့ မြန်မာရင်ဖုံးပဲ။ကောင်းဆုက ချုပ်ပေးမှာပါ။အရင်တုန်းက အကယ်ဒမီပွဲတက်ဝတ်စုံကို ထူးထူးခြားခြားလေးတွေ စဉ်း စားဖြစ်တယ်။ အခု နောက်ပိုင်း နိုင်ငံရေးထဲရောက်လာတော့ ထူးထူးဆန်းဆန်းဖက်ရှင်တွေ လည်းသိပ်မဝတ်ချင်တော့ဘူး။ဒီနေ့မှာထူးထူးခြားခြား လေးဝတ်လိုက်ရင်ကိုယ့်ရဲ့ရုပ် ရှင်ေ လာကဂုဏ်ကိုမြှင့်တင် ရာရောက်ပါတယ်”

ချစ်စနိုးဦး

“အကယ်ဒမီပွဲ အတွက် ဒီနှစ်ကတော့ ချိတ်ပဲဝတ်ဖြစ်မှာ ပါ။ ရိုးရိုးပါပဲ အကယ်ဒမီပွဲက တော့ ဖက်ရှင်တစ်ခုလိုလည်း ဖြစ်နေတော့မြန်မာ ဝတ်စုံဒီဇိုင်း လေးတွေကို ထွင်ပြီး ဝတ်ကြ တာ ပေါ့။မနှစ်ကလည်းအကယ်ဒမီ ကိုချိတ်နဲ့ပဲတက်ဖြစ်ခဲ့တာပါပဲ။”

ချစ်သုဝေ

“ဝတ်စုံကမပုံ့(My Favourite) ကပဲ ဒီဇိုင်းထုတ်ပြီး ခတ်တဲ့ချိတ်ကိုမပုံ့ဆင်တဲ့အင်္ကျီနဲ့ ပဲတက်ဖြစ်မှာပါ။အကယ်ဒမီပွဲ မတက်ဘူးလို့လုပ်ထားတာ။အခု မှတက်မယ် ဆိုတော့ အားချင်း ကြီးစီစဉ်လိုက်ရတယ်။ မိတ် ကပ်ကိုဒီဇင်ဘာနှင်းက လိမ်း ပေးမယ်။ထရီဇာက မြန်မာ ဝတ်စုံကိုဒီဇိုင်းဆန်းဆန်း ပြားပြားတွေသိပ်မ ကြိုက်ဘူး။ဒီနှစ်ပွဲ တက်ရင်လည်းရိုးရိုး လေးကိုမတူညီ တဲ့ပုံစံ Theme လေးတစ်ခု နဲ့သွားမယ် စိတ်ကူးထား တယ်။ ထရီ ဇာရဲ့ဝတ်စုံကမြန်မာဆန်ဆန် ရိုးရိုးလေးပဲဖြစ်မှာပါ”

နန်းဆုရတီစိုး

“ငယ်ငယ်တုန်းက ပွဲစ တက်တော့အပေါ်ကဖန်စီ ဝတ် ဖြစ်တယ်။အောက်က ချိတ်ပိုး ထဘီဝတ်ဖြစ်တယ်။ပိုးတစ်ထည် လုံးမှာလည်း Creation တွေ လုပ်ပြီး ဒီဇိုင်နာရဲ့ ဒီဇိုင်း ပုံဖော်တဲ့ပုံစံပေါ်မှာလည်း ဝတ် ဖူးတယ်။ အရင်တုန်းက ဝတ်ခဲ့ တဲ့ပုံစံတွေကို ကြိုက်ခဲ့တာ လည်းရှိတယ်။သိပ်ပြီး သဘော မကျတာလည်းရှိတယ်။ ကြိုက် တာတော့ များပါတယ်။ဒီနှစ် တော့ဒီဇိုင်နာဌေးဌေးတင် က စိတ်ကြိုက်ဝတ်ရအောင် ဝတ်စုံ သုံးစုံပေးတယ်။ပွဲတက်တဲ့နေ့ ကျမှကိုယ် ကြိုက်တာကိုရွေး ပြီး ဝတ်မှာဆိုတော့Choice ရှိ တဲ့အတွက်ပိုပြီးအဆင် ပြေမယ် လို့ ထင်တယ်။ တစ်ထည်က တော့ ပိုးချိတ်၊တစ်ထည်ကချိတ်၊ နောက်တစ်ထည်ကပိုးပေါ်မှာ ဒီဇိုင်းလုပ်ထားတာ။အဲဒီအ ထဲကအလှဆုံး တစ်စုံကိုရွေးပြီး ဝတ်မှာပါ”

နန်းမြတ်ဖြိုးသင်း

“ဖက်ရှင်ကတော့ တစ် ပတ်လည်နေတာပါပဲ။ ဟိုးအ ရင်တုန်းက ဆိုရင် ချွန်းချိတ်တွေ တအားခေတ်စားတယ်။ အခု နောက်ပိုင်းကျတော့ တဖြည်း ဖြည်းနဲ့ချိတ်ကိုပဲ ပန်းလှိုင်း လေး တွေနဲ့ခေတ်စားလာတယ်။ မနှစ် ကနဲ့ဒီနှစ်ပိုင်းတွေမှာတော့ ချွန်းချိတ်ကပြန်ပြီးခေတ်စားလာ တယ်။အဲဒီတော့တစ်ပတ်ပြန် လည်လာတယ်လို့ ထင်တယ်။ အဲဒီ လိုပြောင်းလဲလာတဲ့အပေါ်မှာ လည်းခေတ်နဲ့အညီချုပ်ဝတ် ဖြစ် တယ်။နန်းမြတ်ကတော့ မြန်မာ အင်္ကျီကိုရိုးရိုးရှင်းရှင်း လေးတွေကို ပိုပြီးကြိုက်နှစ်သက်တယ်” 


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment