Wednesday 25 December 2013

အချစ်နှင့်အမုန်း၏ သံသရာ



တစ်ဦးနှင့်တစ်ဦး ချစ်ကြရာ၌-
‘ချစ်တက်လျှင်ကား ဆေးဖြစ်၍
မချစ်တက်လျှင်ကား ဘေးဖြစ်သွားတတ်၏။’
မိမိချစ်ခင်နှစ်သက်သူ အပေါ်၌ နားလည်းမှု၊ သီးခံခွင့်လွတ်နိုင်မှု၊
ပေးဆပ်မှုတို့ ဖြင့် ချစ်နိုင်လျှင် မေတ္တာသဘော သက်ရောက်သကဲ့သို့ 
ဆေးတစ်ပါး မည်ခြင်းလည်း ဖြစ်ပေ၏။

(၁) မိမိချစ်ခင်နှစ်သက်သူအား
တစ်ပါးသူတို့ မှ ဂုဏ်မြှင့်၍ ချီးကျူးစကားပြောဆိုခြင်း၊
နှစ်သက်မြတ်နိုးကြောင်း စကားဖြင့်ပြောဆိုခြင်းကြောင့် ထိုသူအပေါ်၌
ဝမ်းမြောက်ခြင်းမုဒိတာဖြင့် ပို၍ ချစ်ခင်လာခြင်းသည် ဖြစ်လာရ၏။
- “ဤသည်ကို ချစ်ခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်ပေါ်သည်မည်၏။”

(၂) မိမိလိုလားနှစ်သက်၍ ချစ်ခင်မြတ်နိုးသေသာသူအား
တစ်ပါးသူတို့မှ ကဲရဲ့ရှုတ်ချခြင်းစကားတို့ ဖြင့်ပြောဆိုသောအခါ၊
မိမိကို ကုန်းချောစကား ပြောဆိုသောအခါတို့၌ မိမိကို အမှန်ယုံမှတ်၍
ထိုသူအပေါ်၌ တဖြည်းဖြည်း အချစ် လျော့လာတတ်ပေ၏။
ချစ်လွန်အားကြီး၍ အမြဲတမ်းစိုးရိမ်မှုရှိခြင်း ငုံထားမတက်ချစ်ပါသည်ဆို၍
အမြဲတမ်း ဝန်တိုနေခြင်းတို့ကြောင့် အချစ်ကြီး၍ အမျက်ကြီးရ၏။
- “ဤသိုလျှင် ချစ်ခြင်းကြောင့် မုန်းခြင်း ဖြစ်ရ၏။”

(၃) မိမိမလိုလားနှစ်သက်သူသည် မိမိအပေါ်၌ လောကဝတ်ဖြင့် ပျူငှာခြင်း
အရာရာ၌လည်း သည်းခံခွင်လွတ် နားလည်းပေးခြင်းတို့ကြောင့်
ထိုသူ၏ မေတ္တာတရားသည် မိမိအပေါ်၌ စူးရှလာပြီး
အမုန်းတရားကို လျော့နည်းလာကာ ချစ်ခင်မြတ်နိုးလာရပေ၏။
- “ထိုအခါ မုန်းခြင်းမှ ချစ်ခြင်းသည်ဖြစ်ပေါ်လာရပေ၏။”

(၄) မိမိမုန်းသောသူသည် မိမိအပေါ်၌
အဘယ်မျပင် လောကဝတ်ပျူငှာလွန်းနေသည်ဖြစ်စေ
ထိုသူအပေါ်၌ အကောင်းမထင်တော့။
ထိုသူပြုသမျှ မိမိစိတ်ထဲ၌ ကန့်လန့်ကန့်လန့်သာ မြင်နေတတ်၏။
အမုန်းပေါ်၌ အမုန်းမာန်သာ ဆင့်ပွားနေမည်သာ။
တစ်ပါးသူတို့မှာလည်း မိမိမုန်းသောသူ၏ ချီးမွှမ်းဂုဏ်တင်ခန်းတို့ကို


ဖွင်ဆိုနေလျှင်ပင် မရှုစိမ့်နိုင်တော့ပေ။
ထိုချီးမွှမ်းသူတို့ကိုပင် ရောပြွမ်း၍ အမုန်းပွားမိတက်လေ၏။
- “ဤသည်ပင် မုန်းခြင်းကြောင့်မုန်းခြင်းသာဖြစ်ပေါ်ရသည်မည်၏။”

- ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
- ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
- မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏။
- မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
(အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ်၊ ပေမသုတ်)

(ဆရာတော်အရှင်သုမနသာရ - ဖြူး)

No comments:

Post a Comment