Friday 27 December 2013

ကြက်သားနှင့် မှို စတူး

Stew_Chicken6
                                                                           

   
တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cooker နဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၂စုံ (အတုံးကြီးများ တုံးပါ)
  • ပြောင်းဖူး – ၁ဖူး (ရေဖြင့် ကျက်အောင် အရင်ပြုတ်ပြီ ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အတုံးများ တုံးပါ)

  • ဘိုစားပဲ – ၁၀ခု (အတုံးများ ပိုင်းဖြတ်ပါ)
  • အာလူး – ၅လုံး (အခွံနွှာပြီ အတုံးများ တုံးပါ)
  • မှိုပွင့်ခြောက်(Shimeji မှို) – ၈ခု (ရေနွေးဖြင့် ၂မိနစ်ခန့် ပြုတ်ပြီ ရေစစ်ထားကာ ၄ပိုင်းပိုင်းပါ)
  • ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (အရှည်လှီးပါ)
  • ရေ – ၁ခွက်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပါ)
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်(အဖြူ) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
Stew_Chicken1
နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ကြက်သား နှင့် နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ သကြား၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ဆန်ဝိုင်၊ ကော်မှုန့်) တို့ကို သမအောင် ရောနုယ်ပြီ နာရီဝက်ခန့် နုပ်ပေးပါ။
Stew_Chicken
၂။ ပြီနောက် Slow cooker ထဲ ရေ(၁ခွက်)ကို ထည့်ပြီ ပူအောင် ၅မိနစ်ခန့် တည်ထားပါ။
၃။ ရေပူလာလျှင် နုပ်ထားသော ကြက်သား၊ ပြောင်းဖူး၊ မုန်လာဥနီ၊ အာလူး၊ မှို၊ ဘိုစားပဲ၊ ကြက်သွန်နီ၊ နတ်နတ်ပွင့် တို့ကို ရောထည့်ပေးပြီ အဖုံးအုပ်ကာ slow cooker High ဖြင့် ၂နာရီခွဲခန့် တည်ထားပေးပါ။
(သို့)
၃။ Gas(သို့) electric နှင့် ချက်လျှင်-> ဒယ်ထဲ ရေထည့်ပြီ ရေဆူလာလျှင် ကြက်သား၊ ပြောင်းဖူး၊ မုန်လာဥနီ၊ အာလူး၊ မှို၊ ဘိုးစားပဲ၊ ကြက်သွန်နီ၊ နတ်နတ်ပွင့်တို့ကို ထည့်ပြီ မီးနည်းနည်းဖြင့် အဖုံးအုပ်ကာ အသားနူအိသည်အထိ တည်ပေးပါ။
Stew_Chicken2 Stew_Chicken3
၎။  ကြက်သား နှင့် မှို စတူးရပြီဆိုရင် အပေါ်က နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။
Stew_Chicken4
၅။ ပြီနောက် Slow cooker ထည့်မှ ကြက်သား နှင့် မှိုစတူးကို ဒယ်ထဲ ပြောင်းထည့်ပြီ ဆူလာလျှင် ကော်ရည်ဖျော်ထားသည် လောင်းထည့်ပြီ မီးပိတ်လိုက်ပါ။
၆။ အရသာရှိပြီ နူးအိသည့် တရုတ်စတိုင် ကြက်သားနှင့် မှိုစတူးကို ထမင်းပူပူလေးနှင့် တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ…
Stew_Chicken6

မှတ်ချက်။ ။ Slow cooker (slow) mode နှင့် ချက်ပါက ၅နာရီထိ ကြာအောင် ချက်နိုင်သည်။



Wutyee Food House မှ သိသမျှ ။

No comments:

Post a Comment