Saturday 7 December 2013

တစ်ဖန်လန်းဆန်းပါစေ


လူ့ဘဝက ဒီတစ်သက်လေးပါပဲ။
ဒီတစ်သက်မှာ စိတ်ချမ်းသာပျော်ရွှင်ဖို့က အဓိကပါ။
ပျော်ရွှင်ရင်လည်း ဒီတစ်ရက်ပါပဲ။ စိတ်ညစ်ရင်လည်း ဒီတစ်ရက်ပါပဲ။
ဘာဖြစ်လို့ ဒီတစ်ရက်ကို စိတ်ညစ်တာနဲ့ ကုန်ဆုံးစေမလဲ..

ဟုတ်ပါတယ်... လူ့ဘဝက ဒီတစ်သက်လေးပါပဲ...
အမှားလုပ်မိရင် အစကပြန်စလို့မရနိုင်တဲ့ ဒီတစ်သက်၊ အသဲကြွေရင် ပြန်ဆက်လို့ခက်တဲ့ ဒီတစ်သက်၊
ဒီကနေ့ကိုကုန်ဆုံးပြီးရင် နောက်ထပ် ဒီကနေ့ကို ပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊
တစ်စက္ကန့် တစ်မိနစ်ကို အစားပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊
ဘာဖြစ်လို့ ဒီတစ်သက်ကို ငါတို့ ကောင်းကောင်းတန်ဖိုးမထားနိုင်ရမှာလဲ၊
ဘာဖြစ်လို့ ဒီတစ်သက်ကို ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ပြည့်နေရမလဲ၊
ဘာဖြစ်လို့ အမုန်းနောင်တတွေနဲ့ ပြည့်နေစေမလဲ၊

စိတ်ရှုပ်ဦးနှောက်ခြောက်စရာတွေကို နေ့မကူးစေနဲ့တဲ့...
မနေ့ကရဲ့စိတ်ရှုပ်စရာတွေကို မနေ့ကမှာပဲထားခဲ့ပါ..


ဒီကနေ့ကို နေရောင်ခြည်အသစ်နဲ့ တစ်ဖန်လန်းဆန်းပါစေ...


 Nine Nine Sanay fb = မှ သိသမျှ ။

No comments:

Post a Comment