Tuesday 7 January 2014

ကိုယ်လက်လှုပ်ရှား အားကစားနှင့်အနုပညာရှင်တို့ ကျန်းမာရေးအသိအမြင်များ

 လူတိုင်းအတွက် ဘဝမှာအရေးကြီးဆုံးအရာကတော့ ကျန်းမာရေးကောင်းမွန်ခြင်းပဲဖြစ်ပါတယ်။ စိတ်ကျန်းမာကိုယ်ကျန်းမာမှ မိမိဖြစ်ချင် တာတွေ မိမိလုပ်ချင် တာေ တွပြီး   မြောက်အောင်စွမ်းဆောင် နိုင်ကြမှာဖြစ်သလို မိမိကိုယ်တိုင်အသက်ရှည်ကျန်းမာစွာနေထိုင်မှုကို လည်း ရရှိခံစားစေမှာဖြစ်ပါတယ်။  သာမန်လူတွေထက် ကိုယ် လက် လှုပ် ရှားအားကစားတွေကို လိုက်စား လေ့ကျင့်နေသူတွေက တော့ အနုပညာရှင် တွေပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်း ဆိုင်ရာ အားကောင်း ဖွံ့ဖြိုးေ စပြီး နဂိုရည်စိုပြည်နေတဲ့ အလှတရား တွေ ပိုင်ဆိုင်ကာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် စွမ်းဆောင်ရည်တွေနဲ့ အနုပညာအရည်အသွေးထုတ်ပြနိုင်ဖို့ ကျန်းမာရေး ဆိုတာ အနု ပညာရှင်တွေအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်နေရာ အနုပညာရှင်တွေရဲ့ ကျန်းမာရေးအသိ အမြင်တွေကို မေးမြန်းစုစည်း ဖော်ပြလိုက်ပါတယ်။


သူရိယ

ကျန်းမာရေး နဲ့ ပတ်သက် ပြီး အစားအ သောက်၊ အနေအထိုင်ကအစ ဂရုစိုက်ရမယ်။ စိတ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ထားပါတယ်။ ရာသီဥတုနဲ့ အညီအ ဟာရ ဖြစ်အောင်လည်း စားရ မယ်။ အားတဲ့အချိန်ဆို လမ်းထွက်လျှောက်ဖြစ်တယ်။ အိမ်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ် တယ်။ ညနေဘက်ကို ကြက်တောင် ရိုက်ဖြစ် တယ်။ ” အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။

သင်ဇာဝင့်ကျော်

တစ်ခါတလေ ဂျင်သွားဆော့ဖြစ်တယ်။ မသွားဖြစ်ရင်အိမ်မှာပဲ စက်ကရိယာတွေမပါဘဲနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်တယ်။ ညဘက်ဆို ထမင်းလျှော့စား တယ်။ လေ့ကျင့် ခန်းလုပ်တာက စိတ်လက်ပေါ့ပါးပြီးတော့ အမောလည်းခံနိုင်တယ်။ ပိုပြီးသွက်သွက်လက်လက်ရှိတယ်။ Medical Check-Up ကို တစ်နှစ်တစ်ခါ အမြဲလုပ်တယ်။

နန်းမြတ်ဖြိုးသင်း

နန်းမြတ်ကတော့ အဓိကအားဖြင့် ကျန်းမာရေးအတွက် အစားအသောက်အနေအထိုင်ကို ဆင်ဆင်ခြင် ခြင်နေထိုင်ဖြစ်တယ်။ အဓိကကတော့ နန်းမြတ် ဂျင်ကို အမြဲတ မ်းကစားဖြစ်ပါတယ်။ နန်းမြတ်တို့က စိတ်ဖိစီးမှုများတော့ အဓိကကတော့ အားကစားလုပ် ခြင်းအားဖြင့် အာရုံစူးစိုက်မှု အားကောင်း တယ်။ပြီးတော့ ပြေး က်ပေါ် မှာပြေး လိုက်တာတို့ လှုပ်လှုပ်ရှားရှားလုပ် လိုက်တာတို့ ဆိုရင် ဒေါသနဲ့အတူ တစ်ခါတည်းထည့်ပြီး လုပ်လိုက်လို့ ရတယ်။စိတ်တည်ငြိမ်မှုကို ရတယ်။ နန်းမြတ်ကတော့ ကျန်း မာရေးကို အားကစား နည်းနဲ့ အစားအသောက် ထိန်းပြီး စားဖြစ်တယ်။ ကစား ဖြစ်ပါတယ်။ နန်းမြတ်ဆရာဝန် တစ်ယောက် အနေနဲ့ ပြောချင် တာ က တော့အခု ခေတ်မှာ
အစားအသောက်ကို ကြာရှည်ခံပစ္စည်းတွေနဲ့ လုပ်ထားတာနဲ့ လွတ်လို့မရဘူး။ အဲဒါကြောင့် အော်ဂမ်းနစ် အစားစာလေးတွေ ကိုလည်း တစ်ဖက်မှာ စာပေး ပါလို့ နောက်ပြီးတော့ စားအုန်းဆီနဲ့ အချိုမှုန့်ကိုလည်း ရှောင်နိုင် ရင်တော့ အကောင်းဆုံးပါပဲ လို့ အကြံပေးချင်ပါတယ်။

မောင်

လူတစ်ယောက်အတွက် ကျန်းမာရေးက အဓိက အရေးပါပါတယ်။ ကျန်းမာရေးကအရေးအကြီး ဆုံးလို့ သတ်မှတ်လို့ရပါ တယ်။ လူတစ်ယောက်က ကျန်းမာရေးမေ ကာင်းရင် ဘာအလုပ်မှ လုပ်လို့မရပါဘူး။ ကျန်းမာရေးကို ထွေထွေ ထူးထူး ဂရုစိုက်တာမျိုးတော့ မရှိပါဘူး။ ခရီးတွေသွားရင် တော့ ကျွန်တော် ဆေးတွေယူ သွားလေ့ရှိ တယ်။ အဓိက ကတော့ အစား အသောက်ကို ပုံမှန် စားသောက်ဖို့ အရေး ကြီးပါတယ်။ စားတဲ့ အစား အစာတွေကိုလည်း ဆင်ခြင် သင့်ပါတယ်။ တီဗီမှာလာတဲ့ ကျန်းမာေ ရး အကြောင်းကို လည်း နားထောင် စေချင်ပါတယ်။

မိုးစက်ဝိုင်

” အစား အသောက်ပိုင်းမှာ ဆင်ခြင်တာမျိုး တွေလုပ်ပါတယ်။မိုးစက်ညစာသိပ်မစားဘူး။ အသားအနီတွေကို လျှော့စားတယ်။ အသားဖြူတာတွေက ကြက်သားတို့ ၊ ငါးတို့ဆို ဖြူတယ်လေ။ ရေနွေးကြမ်းတအားသောက်တယ်။ ရေလည်း တအားသောက်တယ်။ ဒါပေမဲ့ ရေနွေးကြမ်းကို တော့ ပိုသောက်တယ်။ မြင်း ခွာရွက်ရေဆိုလည်း ခဏ ခဏသောက်တယ်။ အသား အရည် နဲ့ ပတ်သက်ပြီးတော့ ငယ်ငယ်လေးကတည်းက သနပ်ခါးလိမ်းတယ်။ သနပ်ခါးက မြန်မာပြည်ရာသီဥတုနဲ့ အသားရည်အတွက် တအားကောင်းတယ်။ အသားအရည်ဆိုတာ ရေ ဓာတ်လိုတယ်လေ။ အပြင်နေ ဘယ်လောက်ပဲ ဖြည့်ဖြည့် အတွင်းက မဖြည့်ရင်ဘယ် လိုမှ မကောင်းနိုင်ဘူးလေ။ ဝမ်းမှန် ရမယ်။ ရေများများသောက်ရမယ်။ အိပ်ရေးမှန်ရမယ်။ လက်ညစ်ပတ်လို့ မရဘူး။ လက်ကိုခဏခဏဆေးတယ်။ အသီးအရွက်များများစားရမယ်။ လေ့ကျင့်ခန်းကလည်း မရှိမဖြစ်လို အပ်တယ်။ ယောဂလိုမျိုး အကြောပျော့အောင်လည်း လုပ်ဖြစ်တယ်။

စန္ဒီမြှင့်လွင်

ဒီးဒီက စိတ်ဖိစီးမှုမရှိ အောင်တော့ နေတာပေါ့။ ဒါပေမဲ့ လူဆိုတာကတော့ စိတ်ဖိစီးမှု တွေတော့ ရှိမှာပေါ့။ ကိုယ်ကျန်းမာအောင်တော့ ကိုယ်နဲ့မတဲ့တဲ့ အစားအစာမျိုးတွေ ကို ရှောင်တာပေါ့။နေမကောင်း ဖြစ်လာရင် ကိုယ့်ကိုယ် ကိုယ်သတိရှိရှိလေးနေတယ်။ ကိုယ်ပင်ပန်းတယ်ထင်ရင်နား လိုက်တယ်။ ကျန်းမာရေး ကောင်း မှပဲ အလုပ်တွေ လုပ်နိုင်မှာ။ကျန်းမာရေးကအရေးကြီးပါတယ်။

ကောင်းပြည့်

ကျွန်တော်အားတဲ့ အချိန်တိုင်း ဂျင်ဆော့ဖြစ်တယ်။ အိမ်မှာပဲ လုပ်ဖြစ်တယ်။အားကစားလုပ်တော့ သက်လုံ ကောင်းတယ်။ ကျန်းမာရေး ကောင်းတယ်။စိတ်လန်းဆန်း ပြီး ကိုယ်လက်ပေါ့ပါး တယ်။မလုပ်ရင်အလုပ်လုပ်တာ ပင်ပန်းတယ်လို့ ခံစားရတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျား လေးပဲဖြစ်ဖြစ် အားကစား လုပ်သင့်တယ်။ ကျန်းမာရေး ဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးပဲ။

ယုသန္တာတင်

ကျန်းမာရေးက လူတစ် ယောက်အတွက် ရာနှုန်းပြည့် အရေးကြီးပါတယ်။ မကျန်းမာဘူးဆိုရင် ဘာအလုပ်မှလုပ်နိုင် မှာမဟုတ်ပါဘူး။ ကျန်းမာရေး နဲ့ပတ်သက်ပြီး အထူး တလည် လိုက်စားတာတော့ မရှိပါဘူး။ ရောဂါနဲ့ပတ်သက်ပြီးကာကွယ် ဆေးတွေတော့ ထိုးဖြစ်တယ်။ ရာသီဥတုအပြောင်း အလဲမှာကျန်းမာရေး ကို ဂရုစိုက်ဖြစ် တယ်။ နယ်တွေသွား ရင်ရော၊ ရှု တင်သွားရင် ရောကားပေါ်မှာ ဆေးသေတ္တာလေး ဆောင်ထားဖြစ်တယ်။ မကျန်းမာရင် စိတ်သွားတိုင်း ကိုယ်မပါဘူး။  အဲဒါကြောင့် ကျန်းမာရေးကို အထူးဂရု စိုက်သင့်တယ်လို့ ထင်ပါတယ်။

မိုးယံဇွန်

ကျွန်တော် မနက်ပိုင်းဆို ရင်တော့ ပြေးတယ်။ ဂျင်ဆော့ ဖြစ်တယ်။ တစ်ခါတလေဆိုရင်တော့ ဘောလုံးကန်ဖြစ်တယ်။ အဲဒီလိုမျိုး အားကစားနည်းတွေနဲ့ပဲ  ကျန်းမာရေး အတွက် လေ့ကျင့်ခန်းလုပ်ဖြစ် ပါတယ်။ ဘောလုံးကန်တဲ့အခါ မှာ Team work အနေနဲ့အပေး အယူလေးတွေ ကန်ရတဲ့အခါမျိုး အချိတ်အဆက်လေးတွေရှိ တယ်။ နားလည်မှု လေးတွေ  ရှိလို့ အဲဒီလိုမျိုး အား ကစားနည်းတွေနဲ့လည်း ကျွန် တော် စိတ်ကို ပြု ပြင် ထိန်း သိမ်း ပြီးတော့ control  လုပ်တယ်။ အဓိက ကတော့ အားက စားနည်းနဲ့ပဲ ကျန်း မာရေးကို ဂရုစိုက်ဖြစ်တယ်။ တခြားသူတွေအားလုံးကိုလည်း အားကစားနည်းတစ်ခုခုကိုတော့ အချိန်ပေးပြီးလုပ်စေချင်ပါတယ်။

ဝါဆိုမိုးဦး

ဝါဆိုကအစားအသောက် ကို  အဓိကထားတယ်။ မနက်အိပ်ရာထရင် ရေတစ်ခွက်ဖြစ်ဖြစ်၊ နွားနို့ ဖြစ်ဖြစ်သောက်တယ်။ နွားနို့က အစာအိမ် ကောင်းတယ် လေ။ အလုပ်ေ တွနဲ့ဆိုတော့ လေ့ကျင့်ခန်းက သိပ်မလုပ်ဖြစ်ဘူး။ ဝါဆိုက စိတ်ကို Relax ဖြစ်အောင် သီချင်းနားထောင်တယ်။ စိတ်ကျန်းမာမှ လူကျန်းမာ တာလေ။ ဒါပေ မဲ့ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံးပါပဲ။

ပေါ်ပြူလာအဖွဲ့

No comments:

Post a Comment