Monday 27 January 2014

မမုန်းစေချင်



လောကလူတွေကတော့လိုချင်တာတခုတွေ့
ရင်တောင်းတတ်ကြတယ် တချို့ဆိုမရမက
တောင်းတတ်တာတွေ့ရတယ်စာထဲမှာတော့
တောင်းလွန်းရင် မုန်းပါသတဲ့၊
အမုန်းခံချင်သူတွေများများတောင်းကြပေါ့။

ပါရာဇိကဏ် ပါဠိတော်မှာ ရဋ္ဌပါလ မထေရ်ဟာ
ဖခမည်းတော်တောင် မတောင်းပါဘူးတဲ့။
ဖိတ်မံထားတာတောင်မှ မတောင်းလေတော့ ဖခမည်းတော်ရဲ့ 
စိတ်က အတောင်းခံချင်လာတယ်လေ။

လူတွေရဲ့သဘောလေလား။ကွမ်းယာမစားတတ်ရင်
အလကားကျွေးတတ်တယ်တကယ်လည်းတတ်ရော
မကျွေးတော့ဘူး အရက် မကြိုက်ပါဘူးဆို အတင်း ပေးတိုက်တယ်သောက်တတ်လာရင်
ပေးမတိုက်တော့ဘူး။

ဒါနဲ့ ပဲ ခမည်းတော်က သားရဟန်းကို
မေးပါလေရော၊ဘာလို့  မတောင်းတာလဲ ဆိုတာကိုပေါ့ ။
ဒီလိုပါ ရဋ္ဌပါလ မထေရ်ခမျာ လူရဲ့  သဘော မနော သိပြီးသားမို့  အချစ်မပျက်စေလိုတာကြောင့် မတောင်းခဲ့ကို သေချာရှင်းပြတယ်။

တောင်းလို့  ရရင် တော်ရဲ့ ၊ ကိုယ်တောင်းတာ
မရခဲ့ရင်မပေးတဲ့ သူကို အချစ်ပျက်လာမယ်။
အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။တောင်းလို့ 


ပေးရတာများလာခဲ့ရင်ပေးနေရတဲ့သူကလည်း
တောင်းတဲ့ သူကိုအချစ်ပျက်လာမယ်။အချစ်ပျက်လာနိုင်စရာ
ဖြစ်တယ်၊အဲလို အချစ်မပျက်စေလိုတာမို့ လို့ ရှင်းတော့မှ ခမည်းတော်လင်းသွားတယ်။

ဟိုတုန်းက ရဟန်းတွေက မနိုင်မနင်းကျောင်းကြီးတွေ ဆောက်၊
ကျောင်းဒကာက သီးသန့် မရှိ။
နောက်မှ လူမြင်တိုင်း လုပ်အားပေးခေါ် လုပ်ကြ။
လိုအပ်ရာရာ အလှူခံကြ လုပ်ကြပါသတဲ့။

နောက်တောင်းပါများလာတော့ လူတွေက သင်္ကန်းရောင်နဲ့  တူတဲ့နွားမြင်တာတောင်မှ ရဟန်း ထင်ပြီး အိမ်ထဲ ပုန်းရတဲ့အဖြစ်ပျက်က ရှေးကာလ ဖြစ်ခဲ့ပါတယ်။
ဒါလည်း အချစ်ပျက်သွားတဲ့ သာဓကတစ်ပုဒ်။

ဟုတ်ပါတယ်။ တောင်းတာက လူကို မဆိုထားနဲ့  တိရစ္ဆာန်တောင်မကြိုက်ဘူးလေ။ တစ်ခါတော့ ရဟန်းတစ်ပါးက တောထဲမှာတရားအားထုတ်တယ်။
ငှက်တွေက ဆူဆူညံညံလုပ်တယ်။ ကြာလာတော့ တရားမရ။
နားမခံမရပ်နိုင်ဖြစ်လာတယ်။

ဒါနဲ့ဘုရားရှင်ဆီသွား မြတ်ဘုရားကိုရှောက်တော့
မြတ်ဘုရားကအကြံပေးလိုက်တယ် ငှက်တွေရဲ့အသံကို
မကြားရလေအောင် တနေ့ကိုသုံးကြိမ်လောက်
လောက်အော်တောင်းဖို့ ။မင်းတို့ 
အတောင်တွေ ငါ့ပေး ၊ ငါ့ပေးဟုတောင်းခိုင်းတယ် ဒီအသံကိုကြားတော့ နောက် မလာတော့ဘူးတဲ့။

ပြီးတော့ နဂါးတစ်ကောင်ကလည်း အဲလိုပဲ ရဟန်းတရားအားထုတ်နေတာမို့ ဝေ့လည် ဝေ့လည် နဲ့  နေပါတယ်။ အန္တရာယ်ပေးတာတော့ မဟုတ်ပါဘူး။သို့ ပေမယ့် ရဟန်းက သိပ်ကြောက်တတ်တာမို့  အကို ဖြစ်သူကို
အကြံဥာဏ်တောင်းပါသတဲ့။

အကိုက မင်း နဂါးကို မြင်တော့ ဘာထူးထူးခြားခြားမြင်သလဲပေါ့။ ညီရဟန်းက လည်ပင်းမှာ ပတ္တမြားတွေ့ ပါတယ်။အဲဒါဆို အဲဒါတောင်းကွာ။ တောင်းရင် အချစ်ပျက်မှာကို သိလေတဲ့အကိုရဲ့  အကြံပေးမှုနဲ့ အတူ ညီငယ်က တောင်းပါသတဲ့။နဂါးလည်း ညီငယ်နား နောက်ထပ်မလာတော့ဘူး။

ဒါကြောင့် လူပဲ ဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ်
သူများဆီက ပစ္စည်းကိုဖြစ်ဖြစ် အကူညီကို ဖြစ်ဖြစ်
တောင်းရင် ၊ တောင်းပါများရင် မကြိုက်နှစ်သက်ကြဘူးဆိုတာသိထားသင့်ပါတယ်။ သိပြီးရင်တော့သတိလေးထားပေါ့။

(ဓမ္မစမ်းရေ )

No comments:

Post a Comment