Monday 27 January 2014

အရည်အချင်းဆိုတာ


အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ကျော်လွှားနေမှသာ
အရည်အချင်း ပိုထွက်တယ်။
အရည်အချင်းတွေ အကြံဉာဏ်တွေ ဖြေရှင်းနည်းတွေ ခံနိုင်စွမ်းတွေ
လက်ခံနိုင်စွမ်းတွေ ထွက်လာနေရင် . .
ကိုယ့်ကိုကိုယ် တစ်နေ့တစ်တခြား တိုးတက်နေတဲ့သူ ရင့်ကျက်နေတဲ့သူ
ကိုယ့်အင်အားတွေပိုပြီး ကြီးမားအားကောင်းလာတဲ့ သူအဖြစ် ခံစားရတယ်။

အရည်အချင်းတွေ တိုးတက်နေမှသာ၊ စိတ်ဓာတ်တွေ ပိုပြီး ရင့်ကျက်
လာနေမှသာ၊ သတ္တိရှိတယ်။ အားရှိတယ်။
လွယ်လွယ်နဲ့ ငွေများများရရုံနဲ့ သတ္တိ ရှိမလာဘူး။ အားမရှိဘူး။
လွယ်လွယ်နဲ့ ရတာ လွယ်လွယ်နဲ့ ကုန်သွားနိုင်တယ်။
အဲဒါကို စိုးရိမ်နေရတယ်။

အရည်အချင်းနဲ့ စိတ်ဓာတ်ရင့်ကျက်မှုကသာ သတ္တိကို ပေးတယ်။
ကိုယ့်ခြေဖောက် နှစ်ချောင်းပေါ်ကို မားမားမတ်မတ် ရပ်နိုင်တဲ့သူ


ဖြစ်စေနိုင်တယ်။
မိဘဆီက ပစ္စည်းတွေ ရွှေငွေ တိုက်တာတွေ ဘယ်လောက်ရရ
အရည်အချင်းကောင်း မရှိရင်, စိတ်ဓာတ်ရင့်ကျက်မှု မရှိရင်,
စိတ်အေးရမှာ မဟုတ်ဘူး။

( ဆရာတော်ဦးဇောတိက )
စုစည်းထားမှု = တွေးမိသမျှ ..............TTK  Facebook

No comments:

Post a Comment