Monday 10 February 2014

ကြက်ဆီထမင်း လုပ်နည်း




ကြက်ဆီထမင်း လုပ်ဖို့လိုတာက

ဆန် ၂ ဗူး(ရွှေဘိုပေါ်ဆန်း က ထမင်းပိုလှတယ်)

ကြက်ဆီ (ထုတ်ပြီး) စားပွဲတင်ဇွန်းနဲ့ ၅ဇွန်း

ကြက်သားမှုန့် စားပွဲတင်ဇွန်း ၂ဇွန်း

(အရသာလိုချင်သလောက် ထပ်ထည့်နိုင်ပါတယ်)

ခပ်ဆိမ့်ဆိမ့်အရသာအတွက်

အဆီထုတ်ထားတဲ့ နို့မှုန့်လဲ ၂ဇွန်းလောက်ထည့်နိုင်ပါတယ်
 

ကြက်ဆီထုတ်ဖို့်က ကြက်သားဆိုင်မှာ

ကြက်အဆီကို သပ်သပ်ဝယ်လို့ရသလို

အဆီနဲနဲများတဲ့အပိုင်းကို ရွေးဝယ်လဲ ရပါတယ်

ကြက်သားကိုင်တဲ့အခါ အဆီပါတဲ့အပိုင်းကိုပဲယူပြီး

ကျန်အသားတွေကို နာနတ်ပွင့်နဲနဲ

(သို့) တရုတ်မဆလာနဲနဲ

ငရုတ်ကောင်း ဆား ကြက်သားမှုန့်နဲ့

အရသာဝင်အောင်နယ်ပြီး ရေနည်းနည်းထည့်ပြီး

ကျက်အောင် ပြုတ်ထားလိုက်ပါ

ကြက်ဆီတွေကို သေချာဆေး ရေစစ်ပြီး

ဒယ်အိုးထဲကိုဆီအနည်းငယ်

(ကိုယ်ချက်မယ့် ထမင်း ပမာဏ နဲ့ ကြက်ဆီ ပမာဏ ပေါ်မူတည်ပြီး) ထည့်ပါ

ဆီပူလာရင်ခုနကကြက်ဆီတွေထည့်ပါ

ဆီထည့်တဲ့အခါ ထွက်လာမယ့်ကြက်ဆီကို



ဲ ထည့်တွက်ပြ်ီးဆီထည့်ဖို့တော့ လိုပါတယ်....

ကြက်ဆီတွေကို ထမင်းချက်ဖို့သုံးပြီးလို့ပိုနေရင်...

် နောက်ထပ်လဲ ကြက်ဆီထမင်းချက်ဖို့

စိတ်ကူးမရှိနေဘူးဆိုရင်တော့

ပိုနေတဲ့ကြက်ဆီကို ပြုတ်ထားတဲ့ကြက်သားတွေ ထည့်ကြော်လိုက်ပါ.....

! ကြက်ဆီထမင်း ချက်တဲ့အခါမှာ

ဆီထည့်ချက်ရတာ ဖြစ်လို့

ရေကို နဂိုထက်ပိုထည့်ဖို့တော့လိုပါတယ် !

ကြက်ဆီထမင်းကျက်ရင် ကြက်သားကြော်နဲ့ ဆော့စ်နဲ့

ဒီလိုလေး စားချင်စဖွယ်ပြင်ဆင်နိုင်ပါပြီ

စားကောင်းပါစေ..........
စားဖိုမှူးညီအမ Facebook မှ သိမျှ ။


No comments:

Post a Comment