Tuesday 18 February 2014

ချစ်သူမရှိလည်း


နှလုံးသားချင်း အတူတူပါပဲ.... ဒါပေမယ့် တချို့နှလုံးသားက ပျော်ရွှင်ကြည်နူးခြင်းတွေ ထည့်ထားတယ်၊
လှပတဲ့အမှတ်တရတွေ ထည့်ထားတယ်၊ ချစ်ခြင်းကြင်နာခြင်းတွေ ထည့်ထားတယ်၊

တချို့နှလုံးသားက နာကျင်ဝမ်းနည်းခြင်းတွေ ထည့်ထားတယ်၊
အတိတ်ဆိုး အိပ်မက်ဆိုးတွေထည့်ထားတယ်၊ မနာလိုမုန်းတီးခြင်းတွေ ထည့်ထားတယ်၊

ဒီကနေ့က ဘာနေ့ပဲဖြစ်ဖြစ်ပေါ့...
ကိုယ့်နှလုံးသားထဲမှာ နာကျင်ဝမ်းနည်းခြင်းတွေထည့်ထားမိရင် ထုတ်ပစ်ပြီး
ပျော်ရွှင်ကြည်နူးခြင်းတွေကို

ထည့်ထားလိုက်ပါ
ချစ်သူမရှိလည်း ကိုယ့်ကိုယ်ကိုချစ်နိုင်သေးတာပဲ မဟုတ်လား..





.

Nine Nine Sanay fb မှ သိသမျ ။

1 comment:

  1. ..............မထင်မှတ်ဘဲ ဒီနေရာကိုအလည်ရောက်လာတာပါ.............။

    လူတစ်ယောက်မှာ အလိမ်ခံရတာများလာတဲ့အခါ
    လူတွေကို ယုံကြည်ဖို့ကြောက်လာတတ်ကြတယ်...

    လူတစ်ယောက်မှာ ခံစားရမှုတွေများလာတဲ့အခါ
    နှလုံးသားက ထုံကျင် လာတတ်ကြတယ်...

    လူတစ်ယောက်မှာ မျက်ရည်ကျပါများလာတဲ့အခါ
    မျက်ရည်ကိုသုတ်ပြီး ပြုံးတတ်လာကြပါတယ်...

    လူတစ်ယောက်မှာ အတွေ့ကြုံလေးတွေများလာတဲ့အခါ
    ကိုယ့်ရဲ့နှလုံးသားက ရင့်ကျက်လာတတ်ကြတယ်...

    လူတစ်ယောက်မှာ မျှော်လင့်ချက်လေးတွေကိုခဏခဏ
    ရိုက်ချိုးခံရများလာတဲ့အခါ
    ချစ်ရမှာကိုကြောက်လာတတ်
    ကြတယ်...

    တစ်ယောက်တည်းနေတတ်ကြတဲ့ တစ်ချို့လူတွေကမာနကြီး
    တာလဲမဟုတ်ပါဘူး လူတစ်ယောက်ကိုချစ်မိရင်ပိုခံစားရမှာ
    ကြောက်တတ်ကြလို့ပါ...
    ...ကိုဇော့်ကဗျာကို ဖတ်ပြီးတဲ့နောက်....ပြောချင်တာလေးရျိပါတယ်..။ အဲဒီအကြောင်းတရားတွေကြောင့် အသက်ရှင်နေချိန်ကာလမှာ...ဘာလုပ်ရမလဲဆိုတာသိခဲ့ပါတယ်။....
    လိမ်ညာပါစေ..မြှော်လင့်ချက်တွေရိုက်ချိုးသွားပါစေ...အားလုံးအားလုံး.....ကိုယ့်ရဲ့ကံ ပါဘဲ..
    မေတ္တာရည်လျက်
    ခင်မိုးညို

    5 March 2014 00:13

    ReplyDelete