Tuesday 18 February 2014

ဣတ္ထိယအသွင် လုလင်ပျို မိတ်ကပ်ပညာရှင် မထက်ရဲ့ She-male Gay Life ရှင်သန်မှု ဘဝအချိုးအကွေ့




အခုတလော လူမှု ကွန်ရက်တွေ ထဲမှာ ဆွဲဆောင်မှု အားကောင်းလှ တဲ့ အလှတရားတွေနဲ့ အတူ ဣတ္ထိယ အမျိုးသမီး တစ်ဦး လိုပင် လှပကြော့ ရှင်းလှသူ အသက် ၃၁နှစ် အရွယ်ရှိ Gay တစ်ဦးရဲ့ အလှဓာတ်ပုံ များပျံ့ နှံ့ကာ သတင်း စကားတာစားခဲ့ပါ တယ်။ မိန်းမဘဝ ကို လုံးလုံးလျားလျား ပြောင်းခံယူဖို့ ကြိုးစားနေသူ လည်းဖြစ်ကာ ငယ်စဉ် ကတည်းကပင် မိတ်ကပ် ပညာနဲ့ အလှအပ ဆိုင်ရာ တွေ စိတ်ပါဝင်စားခဲ့ သူဖြစ်တာမို့ ခုချိန်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာရှင်တွေ နဲ့ မော် ဒယ်တွေ ကို မိတ်ကပ် အနုပညာ ဖန်တီး လိမ်းခြယ် ခွင့်ရနေသူ မိတ်ကပ် ဖန်တီးရှင်ကတော့ ထက် (Pop Soul)ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား တစ်ဦး အဖြစ် ကနေ အမျိုး သမီး တစ်ဦး အဖြစ်ကို နှစ်သက်စွာ ခံယူကြိုးစားနေ သူလည်း ဖြစ်သလို လူမှုဘဝဖြတ်သန်းမှုမှာ ဝါသနာ အရင်းခံ ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ ဖြစ်တာ မို့ပေါ်ပြူလာ ဂျာနယ်က မိတ်ကပ် ဖန်တီးရှင် ထက်(Pop Soul) ရဲ့  ဗီဇနဲ့ ဝါသနာ အခြေခံ ဖြစ်တည်လာတဲ့ လူမှုဘဝ အကြောင်း အစုံအလင် ပတ်သက်သမျှ ကို မေးမြန်းဖြစ် ခဲ့ပါ တယ်။

ငယ်ဘဝဝါသနာဗီဇနဲ့ မိတ်ကပ်ပညာ

ငယ်စဉ်ကတည်းက မိတ်ကပ် ပညာကို စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင် လေ့လာဖြစ်ခဲ့ပုံ နဲ့ ယောက်ျားလေး ဘဝတုန်းက ကြိုက်နှစ်သက်ဆုံး ဝတ် စုံအကြောင်းကို မိတ်ကပ် ဖန်တီးရှင် ထက်(Pop Soul)က..
“မိတ်ကပ် ပညာကို တကယ် တမ်းဝါသနာ ပါတာကတော့ ငယ် ငယ်ကတည်းကပါ။ ဒါပေမဲ့ သေချာ လုပ်ခွင့်ရတာတော့ ထက်ရဲ့ အသက် ၂၄နှစ် မှာစပြီးတော့ သင် တန်းတွေ တက်ပြီးမှ လုပ်ခွင့်ရခဲ့တယ်။ အဓိက ကတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် လည်း လှစေချင်တယ်။ သူများကို လည်းလှနေစေချင်တယ်။ အဲဒါက တော့ ကလေး ဘဝက တည်းက ရှိတဲ့ စိတ်ပါ။ နောက်ပိုင်းတော့ တဖြည်း ဖြည်း စာအုပ်တွေ ဖတ်ပြီး လေ့လာ ရင်းနဲ့ သင်တန်းတွေ ဘာတွေ တက်တဲ့ အထိ ရောက်လာတယ်။ ၉တန်း၊ ၁ဝတန်း ကတည်းက တအားကို စိတ်ပါနေပြီး အသက်၂၄ နှစ် မှာတော့ ကိုယ်ဖြစ်ချင်တာ ကိုစပြီး အကောင် အထည်ဖော်ခွင့် ရခဲ့တယ်။ ယောက်ျား လိုဝတ်တုန်း က ဆိုရင်။ အီမို တို့၊ ပန့် style တို့ကို တအားကြိုက်ခဲ့ တယ်။ နောက်ပိုင်း ကျတော့ ထက် မိန်းကလေးလို ဝတ်တဲ့ အခါမှာကျ တော့လည်း cute ဖြစ်တဲ့
ဒီဇိုင်းလေး တွေ cute sexy ပုံစံလေးတွေကို ဦး စားပေးပြီးဝတ်ဆင်ဖြစ်တယ်။ တအား လည်း ကြိုက်တယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံအရိုက်ခံတဲ့ဝါသနာဗီဇနဲ့မိတ်ကပ်ပညာဖန်တီးခွင့်

အနုပညာ လောက တွေထဲမှာ ဟန်အချက် အမျိုးမျိုးနဲ့သရုပ် ဆောင် ကာ ဓာတ်ပုံ အရိုက်ခံရတာ အနှစ် သက်ဆုံးဖြစ်ကြောင်းနှင့် မိတ်ကပ် အတတ်ပညာ သုံးကာ သရုပ်ဆောင် အနုပညာ လောကမှာ နာမည်ကြီး မင်းသား၊ မင်းသမီး အပြင် မော်ဒယ် လေးတွေကို ဖန်တီး လိမ်းခြယ်ခွင့်ရခဲ့ပုံ အကြောင်း ကိုလည်း..
“ထက်က အရင်ကတည်းက လည်း ဓာတ်ပုံ ရိုက်တာကို တအား ဝါသနာ ပါတယ်။ ဓာတ်ပုံဆရာက လည်း ထက်နဲ့က အရင် ကတည်းက သူငယ်ချင်း လို ရင်းနှီးတဲ့ ဓာတ်ပုံ ဆရာလည်း ဖြစ်တယ်။ သူငယ်ချင်း တွေနဲ့ စုပြီးချောင်းသာ သွားတဲ့အခါ မှာ ရိုက်ဖြစ်သွားတယ်။ ထက် အဲဒီတုန်းက ကမ်းခြေမှာ လူတွေက တအား များတယ်။ ကြည့်တဲ့ သူတွေ က လည်း တအားများတော့ တအားကို ရှက်တယ်။ ပထမတော့ အပေါ်က ထပ်ပြီး ဝတ်ထားတဲ့ ချည်သား ဂါဝန်ကို ချွတ်ဖို့ ဆိုတာ တော်တော် လေးအား ယူရတယ်၊ စဉ်းစားရတယ်။ ကျောက်ဆောင်တွေ ကြားထဲမှာ ပုန်း လျှိုး ကွယ်လျှိုးနဲ့ ရိုက်ရတယ်။ ထက် ကို တအား လူကြည့်လာတဲ့ အခါကျ တော့ မု(ဒ်)လည်း ဝင်လာ တယ်။ ရိုက်တဲ့ အခါမှာ လည်းဘာမှ စိတ်ထဲ မှာ မရှိတော့ဘဲနဲ့ လွတ်လွတ်လပ်လပ် ရိုက်ဖြစ်သွားတယ်။ ရိုက်တဲ့အ ခါမှာလည်း အချိန်ပိုင်း အားဖြင့် ၁ဝမိနစ်လောက် ပဲကြာ တယ်။ သူငယ်ချင်း ဓာတ်ပုံဆရာက လည်းသောင်ပြင် မှာရိုက် နေတာတွေ့တော့ ဝင် ရိုက်ရင်း နဲ့နှစ်မျိုးရိုက် ဖြစ်သွားတာပါ။ ထက် အခု လတ်တလောမှာ တော့ အနု ပညာရှင်တွေ ထဲမှာ အောင်ရဲလင်း က အစစအရာရာ လက် တွဲပြီး လုပ်ပေးဖြစ် နေတာကတော့ ၁နှစ်လောက် ရှိ သွားပြီ။ အောင် ရဲလင်းကို တော့ နေ့စဉ် နဲ့ အမျှ ပင်တိုင် လုပ်ပေးဖြစ် တယ်။ အထူးသဖြင့် အဆို တော် ဘက်မှာက နီနီခင် ဇော်၊ bobby soxer ပင်တိုင် လိမ်းဖြစ်တယ် ။မော်ဒယ်တွေ ကတော့ အများအားဖြင့် တော်တော် များများ ကို လိမ်းပေးဖြစ်ပါတယ်။ ခင်ဝင့်ဝါ ကိုလည်း ပင်တိုင်ပုံမှန် လိမ်း ပေးဖြစ်ပါတယ်” လို့ မိတ်ကပ် ဖန်တီး ရှင်ထက် (Pop Soul)ကပြောပြပါတယ်။

She-male-gay Lifestyle    

လူမှု ပတ်ဝန်းကျင်ထဲမှာ အများ သူငှာနဲ့ ဆန့်ကျင်နေမှုထိုင်မှု တစ်ခု ဖြစ်တဲ့ Gay Life ကိုမိမိ ကိုယ်တိုင် ကြိုက်နှစ်သက် လက်ခံခဲ့ပြီးယုံကြည် စွာလျှောက် လှမ်းဖြစ်ခဲ့ ပုံအကြောင်း မိတ်ကပ် ပညာရှင်ထက်(Pop Soul)က “အထူးသဖြင့်တော့ Gay Life ပါပဲ။ ယောက်ျားလို တစ်ယောက်ဝတ်တဲ့ Gay နဲ့ မိန်းမတစ်ယောက် လိုဝတ် တဲ့ She-male Gay Life ဆိုပြီး အဲဒီနှစ်မျိုး အပြောင်းအလဲမှာ တော့ ဟိုးငယ်ငယ် ကတည်း က Gay ဆိုတာက တော့ မွေးကတည်းက ပါကြတဲ့ သဘော တရားပဲလေ။ လူ သိအောင်နေတဲ့ Gay နဲ့လူမသိ အောင်နေတွဲ့ပေ ပဲကွာ တာပေါ့ လေ။ ထက်က တော့ ငယ်  ငယ်လေး ကတည်း က သိ တော့သိ တယ်။ ဒါ ပေ မဲ့အ တင်းကို ဖုံးကွယ် ပြီးတော့ ငါဟာယောက်ျားလေး ဆို တဲ့စိတ်နဲ့ အတင်းကို ဇွတ်နေ ခဲ့ရတယ်။ နေလာရင်းနဲ့မှ Gay ဆိုတာကို ပေါ်ပေါ်တင်တင် စဉ်း စား ဆုံးဖြတ်နိုင်ပြီးတော့ စာတွေ ဖတ် ပြီးတော့ သိလာတဲ့ အချိန်မျိုးမှာ ၂၄ လောက်မှာ သိလာပြီ။ ဒါပေမဲ့လည်း လက်မခံနိုင်သေး ဘူး။၂၇လောက်မှာ တော့ ကိုယ့်ကိုယ်ကိုယ် Gay ဆိုပြီး တော့ လက်ခံ လာနိုင် တယ်။ အဲဒီ အချိန်မှာတော့ယောက်ျားလေး ဝတ်နဲ့ပဲပေါ့။ Gay ဆိုတဲ့ Life ကို လက်ခံနိုင် လာတယ်။ သူငယ်ချင်းအ ချင်းချင်း မိတ်ဆက်တဲ့ အခါမှာလည်း I am gay ဆိုတဲ့ အကြောင်းအရာကို ပြောပြီးတော့ မိတ်ဆက်လေ့ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်မှာ က ရှိတယ်လေ။ သူက အခြောက်ကြီး လား၊gay လား ဆိုပြီး ပေါင်း ချင်းသ လို၊ မပေါင်းချင် သလို ရှိတယ်။ အဲဒီ ဒဏ်ကို ထက်က မခံစားနိုင်ဘူး။ အဲဒီ တော့ အပွင့်အလင်း ဆုံးပြောလိုက် တယ်။ သူ လက်ခံနိုင်ရင် ပေါင်းလိမ့် မယ်။ လက်မခံနိုင်တဲ့ သူကို အတင်း ဇွတ်ပေါင်းနေရာစရာ မလိုဘူး။ အဲဒီ အတွက်ကြောင့်  အဲဒီ Life Style ကို ကြိုက်နှစ်သက်တယ်။ ပိုပြီးတော့ တောင် မိတ်ဆွေ အပေါင်း အသင်းဆန့် ပြီးတော့ မိတ်ဆွေ ပိုရသေးတယ်။ တကယ်ကို ခင်မင်ကြတယ်။ ကိုယ့် ဘက်ကလည်း အနေအထိုင် အပြော အဆို ကောင်းဖို့ကလည်း မူတည် တယ်။ ဒါက အမျိုးသား တစ်ယောက် အနေနဲ့ gay life ကို ဖြတ်သန်း လာပြီးတော့ အသက်၂၉နှစ်ကျော် ၃ဝမှစပြီးတော့ gay မှာမှ gay အမျိုအစားတွေ အများကြီးကို သိလာတယ်။ ငါဟာ ဘယ်ကိုသွားချင်တဲ့ gay အမျိုးအစားလဲ ဆိုတာကို နိုင်ငံ ခြားတွေ သွားရင်း စာတွေအများကြီး ဖတ်ရင်းနဲ့မှ ပိုသိလာတယ်။ အဲဒီအချိန် မှာကိုယ် သွားချင်တဲ့ လမ်းကြောင်းက she-male ဆိုတာကို ပိုပြီး  နားလည် လာနိုင်တယ်။ အဲဒီ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ် နိုင်စွမ်း ရှိတဲ့အခါမှာ she-male life ကို စတင်ပြီးတော့ မိန်းမလို ဝတ် ဆင် ပြီးတော့ နေထိုင်တယ်။ ခွဲစိတ် ပြုပြင်မှုတွေ လုပ်ခဲ့တယ်” လို့ ပြောပြပါတယ်။

က္ကိတ္ထိယအသွင်ပြုပြင်ခွဲစိတ်ဖို့ စာဖတ်လေ့လာခဲ့တယ်

အမျိုးသား တစ်ဦး အသွင်ကနေ ခန္ဓာကိုယ် အချိုးအစား လှပပြေပြစ်တဲ့ အမျိုးသမီးတစ်ဦးအဖြစ်ကို လုံးလုံးလျားလျား ခံယူလိုစိတ်နဲ့ အစား ထိုးခွဲစိတ်ပြုပြင်ခံရ ပုံ အကြောင်း ကို မထက် (Pop Soul)က..
“စာတွေကလည်း အမျိုးမျိုးရေး ကြတယ်။ သုတေသနတွေ ကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူဘူး။ မထက် ဒီ အကြောင်းတွေကို အရင် ကတည်း က စာတွေ ဖတ် ပြီး လေ့လာခဲ့တယ်။ နှစ် ပေါင်းတော်တော်ကြာပြီ။ ဒီလိုမျိုးခွဲ စိတ်ပြီး ပစ္စည်းတွေ ထည့်တယ် ဆိုတာ သူ့ ရဲ့ပစ္စည်း quality ပေါ်မှာပဲ မူတည် တယ် ဆိုတာကို ပိုပြီးတော့ သိလာရတယ်။ ပထမတစ်ခေါက် မထက် နှာ ခေါင်းပြင် ကတည်းက ပိုပြီးတော့ လေ့ လာတယ်။ စုံစမ်းတယ်။ နှာခေါင်းပြင်ပြီး လေး၊ ငါးနှစ်နေမှ ဆီလီ ကွန် ထည့် ဖြစ်တာ ဆိုတော့ သွားတဲ့အခါတိုင်း ဆွေးနွေး မေးမြန်းဖြစ်တယ်။ ဈေးကြီး တဲ့ Brand ပဲ ထည့်ဖြစ်တဲ့ အတွက် ဒါက တစ်သက်လုံး စိတ်ချ ယုံကြည်ရ တယ် ဆိုတဲ့ အကြောင်းကို ဆရာဝန် က ရှင်းပြတဲ့ အတွက်တော့ စိုးရိမ်စိတ် တော့ လုံးဝ မရှိပါဘူး” လို့ပြောပါတယ်။

မြန်မာလူ့အဖွဲ့အစည်းမှာ အရင်က ထက်စာရင် လက်ခံလာကြပါပြီ

She-male Life ဘဝဟာ တအားပဲ ခက်ခဲပြီး လူ့ အသိုင်းအဝိုင်း မှာ လူဝင်ဆံ့နိုင်အောင် ကြိုးစားခဲ့ရပုံ နဲ့ ခုဆိုရင် မြန်မာနိုင်ငံမှာ လူအများ စု လက်ခံလာကြတဲ့ အပေါ်မှာ ပိုမို လွတ်လပ် ပွင့်လင်းလာတဲ့ လူ့အဖွဲ့ အစည်း တစ်ခုတည်ဆောက် သင့်ကြောင်း ကို မထက် (Pop Soul)က…
 ”အရင်ထက်စာရင် အများကြီး မြန်မာနိုင်ငံက တိုးတက်လာပါပြီ။ ပွင့်လင်းလာပါပြီ။ အများကြီးလည်း လက်ခံနိုင်ပါပြီ။ ထက်တို့ ငယ်ငယ် တုန်းက ဆိုရင် ၂၄၊ ၂၅နှစ် ထိ ကိုယ် ကိုယ်ကိုယ် gay လို့ ဝေခွဲလို့မရဘူး။ ပတ်ဝန်းကျင်ဘေး က ဖိနှိပ်ချုပ်ချယ်မှု တွေ၊ အနည်းဆုံး အိမ်က ဖိနှိပ်ချုပ် ချယ်မှုတွေကြောင့် အတင်း ကိုယ့်ကိုယ် ကိုယ် ကြိုးစား ရုန်းကန်ပြီး ယောက်ျား ဆိုတဲ့ အသိစိတ်ကြီးထဲမှာ နေခဲ့ရတယ်။ gay ဆိုတဲ့ life ကို မခံယူရဲဘူး။ အခုတော့ ပွင့်လင်းမြင်သာ လာတယ်။ ကိုယ့်ကိုယ်ကိုယ် စွမ်းဆောင်ရည် လည်း မြင့်မားလာတယ်။ တိုးတက်လာတဲ့ အလျောက်မှာ ကိုယ့်ကို ပိုပြီးနားလည် လက်ခံလာနိုင်တယ်။ မိသားစု အသိုင်း အဝိုင်း ကြားထဲမှာ လည်း ကိုယ့်ရဲ့ အရည် အချင်းတွေကို ပြလာနိုင်တဲ့ အခါမှာ လည်း စဉ်းစားဥာဏ်၊ ဆုံးဖြတ်နိုင်တဲ့ ဥာဏ်နဲ့ ငါဟာဒီ life ကို ရွေးချယ်မယ် ဆိုတာ ပိုပြီးခိုင်မာလာတယ်။ တကယ် တော့ gay life က တအားကို ပင် ပန်းတယ်။ ဒါက နိုင်ငံ တစ်နိုင်ငံ ရဲ့ ဖွံ့ဖြိုးမှု သူ့ရဲ့ အသိဥာဏ်တွေ နဲ့ အများ ကြီး ဆိုင်မယ်လို့ ထင်တယ်။ သူများ နိုင်ငံမှာက လူဟာ လူပဲလို့ လက်ခံနိုင် ပေမယ့် မြန်မာပြည် မှာ လူဟာ လူပဲလို့ လက်မခံနိုင်တဲ့ သူတွေက ၁ဝဝမှာဆို ၈ဝ လောက်က လက်မခံနိုင်ကြသေး ဘူး။ ဒါက တိုင်းပြည် အခြေ အနေ နဲ့ တအားကို သက်ဆိုင်တယ်။ တိုး တက် ပွင့်လင်းလာ တာနဲ့အမျှ အသိဥာဏ်တွေ ကောင်းလာ တယ်။ မီဒီယာပိုင်းတွေက လည်းပညာလေး တိုးတက် လာတာနဲ့ အမျှ လူတွေက လည်း နားလည်လက်ခံ နိုင်တဲ့ အပေါ်မှာ  gay တွေရဲ့ဘဝဟာ ပိုပြီးတော့ လွတ်လပ်ပြီးတော့ ပေါ့ ပါးစွာ နေထိုင် ခွင့်ရ လာတယ်။ အဲဒီအပေါ် မှာတော့ တအား ကို ဝမ်းသာရပါတယ်” လို့ ကိုယ်တွေ့ခံစား မှုနဲ့တွဲယှဉ်ပြော ပြ ပါတယ်။

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝ ရိုးသားပွင့်လင်းစွာ နေထိုင်တယ်

မိမိ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ She-male gay life style ဘဝကို လူ့အဖွဲ့အစည်းထဲ မှာ လွတ် လပ်ပေါ့ပါးစွာ နေထိုင်မှုအသား ကျအောင် ဆောင်ရွက်ခဲ့ ပုံအကြောင်း နဲ့ ပတ်သက် ပြီးလည်း “အရင်တုန်း ကတော့ မိန်းမလို ဝတ်ထားလို့ သူများ ကြည့်ရင် ရှက်တာမျိုးလည်း ရှိတယ်။ ယောက်ျား လိုနေခဲ့တဲ့ ဘဝမှာကတည်း က သူများနဲ့ မတူတဲ့ style တွေနေခဲ့ တဲ့အခါမျိုးလည်း ရှိတယ်။ ဘယ်သူမှ မလုပ်ရဲတဲ့ စတိုင်တွေကို ထွင်ပြီး ဝတ် ခဲ့တယ်။ တစ်မူ ထူးခြားတဲ့ အပေါ် မှာ အပြောခံ ရတာမျိုးတွေ၊ အကြည့် ခံရတာမျိုးတွေ ရှိတယ်။ အဲဒီတုန်းက တည်းက ဘယ် လိုမှ မခံစားရဘူး။ ဘာဖြစ် လို့လဲဆို တော့လူတိုင်းမှာ သူ့ခံစားချက်နဲ့၊ လုပ်ဆောင်ချက်နဲ့၊ အတွေး အမြင်နဲ့ ဆိုတာ မျိုးတွေရှိ တယ်။မိန်းမလို စပြီး ဝတ်ခါစမှာလည်း တအားရှက်သလို၊ ရွံ့သလို ဖြစ်ခဲ့ဖူးတယ်။ တကယ်တမ်းပြန်ပြီး စဉ်းစား ကြည့်တဲ့ အခါမှာ ဒါဟာ ကိုယ့်Life Style ပါလား။ ကိုယ်စိတ်ချမ်းသာမှု ကို ကိုယ်ရွေးချယ်ပိုင်ခွင့် ရှိတဲ့အတွက် ကိုယ်လုပ်နေတဲ့ အတောအတွင်းမှာ သူများကို သိပ်ပြီးတော့ ဂရုစိုက်တတ် တဲ့ အလေ့ အထတော့ တော်တော် လေးကို နည်းသွားပြီ” လို့ မထက် (Pop Soul )က ဆိုပါတယ်။

Sex Change လုပ်ဖို့ကိစ္စနဲ့ အသံပြောင်းရ မယ့်အလုပ်

လက်ရှိအချိန်မှာ မိမိအနေ နဲ့ sex change လုပ်ဖို့ထက် အသံ ပြောင်း လဲပစ်ရမယ့် အလုပ်အတွက် ဦးစား ပေးစဉ်းစားနေပြီး ဆုံးဖြတ်ချက် ချဖို့ ကိုလည်း မထက် (Pop Soul)က “အမှန်တော့ sex ကိစ္စပြောင်းလဲဖို့ ကို အရင်တုန်းကတော့ တအားအရေး ကြီး တယ်လို့ ခံစားရတယ်။ အခုကျတော့ လက်ရှိအချိန်မှာ အလုပ်က ပိုအရေးကြီး တယ်။ အသက်အရွယ်လည်း ရလာပြီ ဖြစ်တဲ့ အတွက် အလုပ်တွေနဲ့မအားတဲ့ အခါကျတော့ sex change ဖို့ကိုကျ တော့ အခုချိန်မှာ တအားအရူးအမူး ကြီးတော့ မဖြစ် ဘူး။ အခုလောလော ဆယ်မှာတော့ တအား လုပ်ချင်နေတဲ့ အလုပ်ရှိတယ်။ အဲဒါက ကိုယ့်ရဲ့အသံက တအား ယောက်ျား အသံကြီးဖြစ်နေ တော့ အသံပြောင်း ချင်တယ် ။ပြီးတော့ sex change လုပ် ဖို့ကိစ္စကို လုပ်ရမယ်။ အသက် ၃၅ မကျော်ခင်တော့ change မယ်။ အသံလေးပြောင်းလိုက်ရင် ပိုပြီး လိုက်ဖက်မယ် ထင်တယ် လို့ ပြောကြ တယ်။ ထက်က လုပ်မယ်လို့ ဆုံးဖြတ်ထား ရင် လုပ်ကိုလုပ် ရမှကျေနပ်တယ် ။တွေဝေ ခြင်းလုံးဝမရှိ ပါဘူး”လို့ ပြောပါတယ်။

 အောင်မြင်တဲ့ ဒီ ဇိုင်းနာတစ်ယောက်  ဖြစ်ချင်တယ်

မိမိအနေနဲ့ စာပေဖတ်ရှုကာ ကိုယ့် ကိုယ်ကိုယ် ဆွဲထူမတ်ဖြစ်ခဲ့ ပုံနဲ့အောင် မြင်တဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင် ကြောင်းကို မထက် (Pop Soul)က
“ထက်က မိသားစုထဲမှာ ထက်က အကြီးဆုံး အိမ်မှာ အငယ်ကောင်က အင်္ဂလန်မှာပါ။ အမေရယ်၊ အဖေရယ်၊ အငယ်ကောင် ရယ်က အခြောက်ကို တအား မုန်းတာပဲ။ ရထား တာ သူတို့ သားက ခြောက်နေတယ် ဆိုတော့ အဲဒီအတွက်လည်း အဓိကက ကိုယ့် ကိုယ်ကိုယ် အမြဲတမ်း အစမှာ ရရှိ ထားတဲ့ အကြောင်းအရာ က ဘာမှ ပြုပြင်လို့ လည်း မရဘူး။ ပြောင်းလဲလို့ လည်းမရဘူး။ အဲဒီအပေါ်မှာ မိသားစု ကို မျက်နှာပျက်မယ့် အကြောင်းအရာ ဘဝကြီးမှာ ထပ်ပြီး မရစေချင်ဘူး။ အဲဒီ အတွက်ကြောင့် ကိုယ့် ကိုယ်ကိုယ် ကြိုးစားတယ်။ ဒါက သူတို့ကို ချစ်လို့ လုပ်ခဲ့ပေးတာ။ ဒီ့ထက်မက ကြိုးစား မယ်။ ဒီပညာကို တအားလည်း တန်ဖိုး ထားတယ်။ Plan ABC ဆိုပြီး Plan ချပြီး ကြိုးစားတယ်။ အခုဆိုရင် C ပြီး သွားပြီး B ရလာပြီ။ A တစ်ခုပဲ ကျန်တော့ တယ် ။အောင်မြင်တဲ့ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်တယ်။ အဲဒီအတွက် ကို ကြိုးစား ဦးမယ်”လို့ ပြောပါတယ်။

တစ်ကိုယ်ရည်ကျန်းမာရေးအမြင်နဲ့ She- male gay စိတ်ဓာတ်

မိမိကိုယ်တိုင် She- male အဖြစ် ယူထားပြီးဖြစ်တာကြောင့် ကျန်းမာ ရေးအမြင်ရှိ ပုံနဲ့ gay တစ်ယောက်ရဲ့ စိတ်ဓာတ်အကြောင်း ကို မထက်(Pop Soul) က “ထက်ရဲ့ အသက် က ၃၂နှစ် ရှိပြီ။ အရက် လုံးဝမသောက်ဘူး။ aဆးလိပ် လုံးဝမသောက်ဘူး။ ဝိုင်လုံးဝ မသောက် ဘူး။ ဆေး လုံးဝမချဘူး။ ဘာတစ်ခု မှ လုပ်ဘူး။ ကလပ်ကိုလည်း အမြဲ တစေ သွားလေ့ မရှိဘူး။ လူတွေကတော့ ထက် ကို ထင်လိမ့်မယ်။ အင်္ကျီ ဟိုက်တယ်။ စကတ်တို လိုက်တာဆိုပြီး မြင်လိမ့်မယ်။ သူငယ်ချင်းတွေ နဲ့ ပျော်ရွှင်မှု အနေနဲ့ပဲ တစ်ခါတစ်ရံ သွားတာရှိတယ်။ သင်္ကြန် လည်း တစ်ခါတလေ မှဆော့ ဖြစ် တယ်။ ဒါပေမဲ့ ထက် ထိန်းချုပ်ထား တဲ့ အကြောင်းအရာတွေ အများ ကြီး ရှိတယ်။ gay ဆိုတာ က စိတ်ဓာတ် ရေးရာမှာ ပျော့ပျောင်း လွယ်တယ်။ ပြင်ထန်တယ်။ ယိမ်းယိုင် လွယ်တယ်။ အဲဒီမှာ ဒီလိုဆေးဝါးတွေကို ပိုပြီး မှီ ဝဲလို့ရှိရင် ပိုပြီးတော့ ပျက်စီး သွားနိုင်တယ်။ အပေါင်းအသင်းကောင်းတွေ၊ စာဖတ်အားတွေ မရှိရင် ပိုပြီးပျက်စီး လွယ်တယ် လို့ခံစားရတယ်။ အဲဒီအ တွက် ကြောင့် ဒီကိစ္စတွေကို ရှောင်ကြဉ်တယ်။ အဲဒီ အတွက်ကြောင့် အသက်ကြီးလာ ရင် နုပျိုမှုအားက သူများ ထက်စာရင် တအား ကွာသွားမယ်လို့ ထင်တယ်။ ထက် နဲ့အတူ အလုပ်လုပ်တဲ့ ကလေးတွေကို လည်း လမ်းမှား မရောက်အောင် ဆုံးမ ပေးဖြစ်တယ်” လို့ပြောပါတယ်။


လွင်လွင်ထွန်း


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment