Tuesday 29 April 2014

သင် ပဲ ဖြစ်နေလိမ့်မယ်


အလွန်အကျွံကြီး
မ မျှော် လင့် လိုက်နဲ့
မျှော်လင့်သလို ဖြစ်မလာခဲ့ရင်
နာကျင် ရမယ့်သူဟာ သင် ပဲဖြစ်နေလိမ့်မယ်။

အလွန်အကျွံကြီး
မခံစား လိုက်နဲ့
ခံစားချက်တွေကြောင့်
တချိန်မှာ နာကျင် ရမယ့်သူဟာ သင် ပဲ ဖြစ်နေလိမ့်မယ်။

အလွန်အကျွံကြီး
လူတစ်ယောက်ကို အနီးကပ်ဆုံးနေရာ မပေးလိုက်နဲ့
အနီးကပ်ဆုံးနေရာရဲ့ တန်ဖိုးကို
(သူ မသိလို့ )တန်ဖိုးမထားပဲ ထွက် ခွါသွားခဲ့ရင်


နာကျင်ရမယ့်သူဟာ သင် ပဲ ဖြစ်နေလိမ့်မယ်။

အလွန်အကျွံကြီး
မပေးဆပ်လိုက်နဲ့
အကျိုးကို မမျှော်လင့်ဘူးဆိုပေမယ့်
ကျေးဇူးကန်းတယ်ဆိုတဲ့ အသိက
နှောင်း နောင်တအဖြစ် နာကျင်မှုတွေ ပေးမယ့်သူဟာ သင် ပဲ ဖြစ်နေလိမ့်မယ်။

 
(Writer - ငြိမ်းလဲ့)



နှလုံးသားအာဟာရ facebook မှ သိသမျှ ။



No comments:

Post a Comment