Friday 30 May 2014

အမျက်ပါ အမုန်းသုံးရင် တစ်သက်စာ ဆုံးရှုံးမယ်



ဒေါသကြီးတဲ့သူ
ဒေါသကို ကိုယ်အမူအရာ
နှုတ်အမူအရာနဲ့
ထင်ရှားပြတတ်သူကို
ဘယ်သူကမှ
တရင်းတနှီး
မပတ်သက်ချင်ကြပါဘူး။

မလွှဲသာလို့
ပတ်သက်ရတောင်မှ
အလုပ်သဘောအရ
အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ်။

အတွင်းက မေတ္တာစိတ်
အပြည့်အဝ ပါလာမှာ
မဟုတ်ပါဘူး။

ကိုယ့်အပေါ်ထားရှိတဲ့
ပတ်ဝန်းကျင်ရဲ့
မေတ္တာတရားကို
ဆုံးရှုံးစေတာ ဒေါသပါ။

ကိုယ့်ကို ကူညီစောင့်ရှောက်
နေသူတွေရဲ့ ကမ်းလက်ကို


ပုတ်ချလိုက်တာ ဒေါသပါ။

ကိုယ့်ကို သူတော်ကောင်း
တစ်ယောက်အဖြစ်
သတ်မှတ်ထားသူတွေရဲ့
ယုံကြည်မှုကို
ဖျက်ဆီးပစ်တာ ဒေါသပါ။

ပတ်ဝန်းကျင်က ရရှိမယ့်
ကောင်းကျိုးတွေ ဆုံးရှုံးရတာထက်
ကိုယ့်စိတ်ရဲ့ အေးချမ်းမှု
ဆုံးရှုံးရတာ ပိုပြီး နစ်နာပါတယ်။

ဒေါသဖြစ်ရင်
လူတစ်ယောက်ရဲ့စိတ်ဟာ
အလွန်ပူလောင်ပါတယ်။
အလွန်တင်းကြပ်ပါတယ်။
အလွန်တရာ
ပင်ပန်း ဆင်းရဲလွန်းလှပါတယ်။

အရှင်ဆန္ဒာဓိက။
ရွှေပါရမီတောရ။

No comments:

Post a Comment