Wednesday 25 June 2014

ဒီနေ့ကစလို့


 
သင်ဒေါသထွက်တိုင်း သင့်ခြံစည်းရိုးမှာ သံတစ်ချောင်းရိုက်ပါ
အချိန်ကြာလာလို့ ခြံစည်းရိုးမှာ သံချောင်းတွေ များလာတဲ့အခါ
သင့်ဒေါသက ဘယ်လောက်အရုပ်ဆိုး အကျည်းတန်တယ်ဆိုတာသိလာလိမ့်မယ်

သင်လူမဆန်တဲ့လုပ်ရပ်တစ်ခု လုပ်မိမယ်ကြံတိုင်း သင့်ခြံစည်းရိုးမှာ သံတစ်ချောင်းရိုက်ပါ
အချိန်ကြာလာလို့ ခြံစည်းရိုးမှာ သံချောင်းတွေ ပြည့်လာတဲ့အခါ
လူမဆန်တဲ့လုပ်ရပ်က ဘယ်လောက်အရုပ်ဆိုးအောက်တန်းကျမှန်း သိလာလိမ့်မယ်

သင်အတ္တကြီးမိတိုင်း “ ငါ့ဖို့ ” ဆိုတဲ့ စိတ်နဲ့ ဆက်ဆံမယ်ကြံတိုင်း သင့်ခြံစည်းရိုးမှာ သံတစ်ချောင်းရိုက်ပါ
အချိန်ကြာလာလို့ ခြံစည်းရိုးမှာ သံချောင်းတွေ ဖုံးလွှမ်းလာတဲ့အခါ
ငါ ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အမိုက်မှောင်ဆိုတဲ့အကြောင်းသင်သိလာလိမ့်မယ်

“ ဒီနေ့ကစလို့ ကိုယ့်ခြံစည်းရိုးမှာ သူတစ်ပါးကို ဒါဏ်ရာရစေမဲ့ သံချောင်းတွေ ကင်းစင်ပြီး
သန့်ရှင်း လှပသော ခြံစည်းရိုးလေးဖြစ်အောင် နေထိုင်ကြပါစို့ ။

သက်တန့်ချို

No comments:

Post a Comment