Tuesday, 29 July 2014
ရဲရဲတင်းတင်းဆုံးဖြတ်ပါ
ယောကျာ်းတစ်ယောက်ဟာ... သူ့ရဲ့ဘ၀တစ်သက်တာမှာ
တန်ဖိုးရှိတဲ့ မိန်းမကောင်းတစ်ယောက်ကို တစ်ကြိမ်တစ်ခါတော့ လက်လွတ်ဖူးပါလိမ့်မယ်။
ဒါပေမဲ့ သူတို့တွေဟာ ဒီမိန်းကလေးကို လက်လွတ်လိုက်ရပြီး ဆန့်ကျင်ဘက်အကျင့်စရိုက်ရှိတဲ့ မိန်းကလေးကို ကြုံတွေ့တော့မှ နောင်တရပြီး တန်ဖိုးထားရမှန်းသိပါလိမ့်မယ်။
မိန်းမတစ်ယောက်ဟာ... သူမရဲ့ ဘ၀တစ်သက်သာမှာ
ဆိုးသွမ်းတဲ့ ယောကျာ်းတစ်ယောက်ကိုပက်သတ်ဖူးပါလိမ့်မယ်။ဒါပေမဲ့မိန်းကလေးတော်တော်များများဟာ သူတို့ရဲ့ရင်ဘတ်အစုံကွဲအက်ပြီး မျက်ရည်ကုန်ခမ်းသွားချိန်မှာမှ အဲဒီလူကို လက်လွတ်ဖို့သင့်မှန်း သိလာတတ်ကြပါတယ်။
သင်ဟာ ယောကျာ်းတစ်ယောက်ဆိုရင် သင့်အတွက်တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ကို နောင်တတွေရပြီးမှ တန်ဖိုးသိလာတာထက် ကိုယ်ပိုင်ဆိုင်နေရချိန်မှာ
တန်ဖိုးထားပါ။
သင်ဟာ မိန်းကလေးတစ်ယောက်ဆိုရင် သင့်အတွက် ထိခိုက်နစ်နာပြီး တန်ဖိုးမထားတတ်တဲ့ယောကျာ်းတစ်ယောက်အတွက် သင့်အချိန်တွေမနှောင်းခင်မှာ လက်လွတ်ဖို့ ရဲရဲတင်းတင်းဆုံးဖြတ်ပါ။
သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment