(၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေ ကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို. ၊စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ်မျက်မှန် တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။
(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင် လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွာဒးနိုင်ပါတယ်။
(၄) ဟင်းချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို.ပါ။
(၅) အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။(၆) ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။
(၇) ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။ မိတ်ကပ်အပိုင်းအစကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။
(၈) သန့်ရှင်းတဲ့မျန်နှာသူတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့မျက်နှသူတိပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။
(၉) စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ်လောက်ကြည့် သင့်တယ်။(နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)
(၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျန်စိထဲက သွေးကြောတွေကို ဒုက်ခပေးနိုင်တယ်။
၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စပယ်ပန်းရနံ.ဟာ ဦးနှောက်ရှေ.ပိုင်းက beta လှိုင်း တွေကို ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ. မျက်စိအားကောင်းခြင်းတို.ကို ဖြစ်စေတယ်။
(၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ ယာဉ်ကောင်တဲ့အခါ ပိုအရေးကြီးတယ်။
(၁၃) အငန်လျှော့စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာတိမ်ဖြစ်ဖို. အခြေအနေပိုပေးတက်တယ်။ဆားလျှော့စားပါ။
face book စာမျက်နှာများ မှ သိသမျှ ။
ဦးဇော်ရေ
ReplyDeleteကျွန်မမျက်မှန်တပ်ရတာ မူလတန်းတက်တဲ့အချိန်မှ ခုထိပါပဲ
ပါဝါတော့တိုးတိုးလာတယ် ငါးလဲများများစားတယ်
အသီးအနှံလဲ သူများထက်ပိုပြီးစားပါတယ်
စံပယ်နံ့ရေမွေးလဲသုံးတာပဲ ပါဝါမကျသွားဘူး
ဘယ်လိုလုပ်ရမလဲ သိရင်ပြောပြပါရှင်
အဟီး.... မှတ်သားစရာများ လာဖတ်တွားပါတယ်။
ReplyDeleteအပေါ်က ကော်မန့်မှာ စံပယ်မေးတာလေးကို (ဦးဇော်) မဖြေခင်
အလွမ်းဖြေပေးပါမယ်။ ပါဝါကျစေချင်တယ်ဆို ကိုယ့်တပ်နေကျ
မျောက်မှန်ကို လွင်ပြင်ဆီ တပ်ပေးလိုက်ပါ။ အဟီး