Tuesday, 27 November 2012
မုန်လာဥနီက သွေးတိုးခြင်းကို ကျဆင်းစေနိုင်
မုန်လာဥနီတွင် ပါဝင်သော နိုက်ထရိတ် ဓာတ်သည် သွေးတိုးခြင်း ကိုကျဆင်း စေနိုင် ကြောင်း သုတေသီများက ပြောကြားသည်။ မုန်လာ ဥနီကို ဟင်းချက်၍ စားသုံးသည်ဖြစ်စေ၊ နိုက်ထရိတ် ဆေးပြားများ သောက် သုံးသည် ဖြစ်စေ သွေးတိုးကျစေနိုင်ကြောင်း အမေရိကန် နှလုံးနှင့်သွေးကြော ဆိုင်ရာဆေးဂျာနယ်၌ဖော်ပြသည်။
နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥနီတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့် ဆိုင်သောရောဂါများကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့် မည်ဟု သုတေသီများကမျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင်
အရွယ် ရောက်သူ ၂၅ရာခိုင်နှုန်းမှာ နှလုံးနှင့် ဆိုင်သော ရောဂါများဖြစ်ပွားလျက် ရှိသည်။ ၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည်ဟု ဆိုသည်။
SHADE JOURNAL မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment