Wednesday, 28 November 2012
ထာဝရအလင်းတန်းများ ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို အကယ်ဒမီရစေချင်ကြောင်း မော့စ်ပြော
ကျန်းမာရေး အခြေအနေကြောင့် ၆လလောက် အနုပညာအလုပ်ကို နားထားရတဲ့ ဟာသလူရွှင်တော် သရုပ်ဆောင်မော့စ်က ဒီနှစ်ရန်ကုန်မှာ ပြုလုပ်မယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို တက်ရောက်ဖို့ရှိကြောင်း ပြောပါတယ်။ အကယ်ဒမီ ထူးချွန်ဆုကို ရန်ကုန်မှာလုပ်တာက နေပြည်တော်ထက်စာရင် နီးသွားတော့ ပိုအဆင်ပြေတယ် လို့ ပြောတဲ့ ဟာသလူရွှင်တော် သရုပ်ဆောင်မော့စ်က အကယ်ဒမီစာရင်း ဝင်တဲ့ ‘ထာဝရအလင်းတန်းများ’ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဟာသလူရွှင်တော် သရုပ်ဆောင်မော့စ်က ထာဝရအလင်းတန်းများ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ အကုန်လုံးကို အကယ်ဒမီ ရစေချင် ကြောင်း၊ ဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ မင်းသားအသစ်ကိုလည်း အံ့သြဖွယ်ကောင်းကြောင်း ဆိုသွားပါတယ်။ ”ဒီဇာတ်ကားကြီးက ၂ဝ၁ဝခုနှစ်က ရိုက်ခဲ့တာပါ။ဒီဇာတ်ကားကြီးကို ဒုဋ္ဌဝတီ မြစ်ကမ်းနားမှာ ရိုက်ရတာ။ ရေကလည်း တအားစေးတယ်။ ကင်မရာမင်းန်ကလည်း ရေမကူးတတ်တော့ ဦးမော့စ်ကိုယ်တိုင်ပဲ လှေလှော်ပြီး လုပ်ရတာပေါ့။ ပြီးတော့ ဇာတ်ကားအနေနဲ့ အကယ်ဒမီရလို့ရှိရင်လည်း ကောင်းတာပေါ့။ အကယ်ဒမီဆုကိုလည်း အကုန်လုံးကို ရစေချင်တယ်။ ပြီးတော့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသားသစ်နောင်နောင်ဆိုလို့ရှိရင် တအား အံ့သြဖို့ကောင်းတယ်။ မင်းသားအသစ် တစ်ယောက်က
ဒီလိုမျိုးဇာတ်ကားကြီးကို တစ်ချက်တည်းနဲ့ အတင်းကို တိုးရိုက်တာ။ တော်ရုံတန်ရုံ မင်းသားအသစ်တွေက ဒီလိုဇာတ်ကားကြီးကို ရိုက်ဖို့မလွယ်ဘူး။ ဒီကလေးက ဘာမှလည်း မရိုက်ဖူးဘဲနဲ့ ဇာတ်ကားကြီးကို တစ်ခါ တည်း တန်းရိုက်တာတော်တော် အံ့သြဖို့ကောင်းတယ်” လို့ ပြောပါတယ်။
POPULAR MYANMAR JOURNAL မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment