Thursday, 13 December 2012

တွမ်ခရုဇ်ကို ရင်ခုန်ရဦးမယ့် All You Need Is Kill


မီဂါစအား တွမ်ခရုဇ်ဟာ အလွမ်းတွေကို အနုပညာ အလုပ်နဲ့ပဲ ဖြေသိမ့် တတ်သူလို့ ဆိုရမှာ အမှန်ပါပဲ။ အခုလည်း လန်ဒန်မှာ ဇာတ်ကားသစ် All You Need Is Kill ရိုက်ကူးနေတာကို ဟယ်လိုက သတင်းဦးပေးလာ ခြင်းဖြစ်သလို Thanksgiving အမှတ်တရနေ့ မှာ သမီးငယ်လေး ဆူရီနဲ့ အတူ လန်ဒန်မှာ ကြည်နူးချမ်းမြေ့ စရာ မြင်တွေ့ရတာ ကိုလည်း ဖွပေးလာ ခြင်းပဲ ဖြစ်ပါတယ်။
တွမ်ရဲ့ရှေ့နေဖြစ်သူ ဘတ်ဖီးလ်က “ဆူရီလေးကို တွမ်က တော်တော်ချစ်တာပါ။ တစ်နေ့တစ်ခါ ပုံမှန် ဖုန်းပြောတာကိုပဲ ကြည့်လေ။ လူချင်းမဆုံကြပေမယ့် အခုဆူရီလန်ဒန်ကိုလာဖို့ ကတ်တီက လည်း ကျေကျေနပ်နပ် ခွင့်ပြုခဲ့တာပါ။ အမှန်တော့ မိသားစုသုံးဦးစလုံး ဥမကွဲသိုက်မပျက်
ခရီးဆက်ရမှာပါလေ၊ ကံတရားပဲပေါ့ဗျာ”လို့ ဟယ်လို ကို ပြောကြားခဲ့ပါတယ်။
လန်ဒန်ပရိသတ်တွေကတော့ Mission Impossible စတားကို သမီးချောလေးဆူရီနဲ့ စားသောက်ဆိုင်တွေမှာ တတွဲတွဲ တွေ့မြင်နေရတာကိုပဲ ကြည်နူးမဆုံးဖြစ်နေကြပါတယ်။


VENUS NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment