Monday, 10 December 2012

လကမ္ဘာကို အပျော်ခရီး သွားနိုင်


လကမ္ဘာကို အပျော်ခရီးသွားနိုင်ဖို့ အမေရိကန်နိုင်ငံမှ Golden spike အမည် ရ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မဏီက စလုပ်ပေးပြီ ဖြစ်ပါတယ်။ တစ်နှစ်ကို အနည်းဆုံး ၂ ခေါက်ပို့ပေးမှာ ဖြစ်ပြီး တစ်ခေါက်မှာ ခရီးသည် ၂ ဦးပဲ လက်ခံမှာ ဖြစ်ပါတယ်။

ဒီတော့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့တွက်ရင် မရေမတွက်နိုင်အောင် သုညအလုံးတွေ ထပ်တိုးပါဦးမယ်။ ခရီးစဉ်ကို လာမယ့် ၆ နှစ်တွင် စတင်နိုင်ဖို့ စီမံကိန်းချထား ပါတယ်။ ခရီးသွားချင်သူများအနေနဲ့ ကြိုတင် စာရင်းပေးလို့ရပြီလို့ ဆိုပါ တယ်။

ဇနီးမောင်နှံ နှစ်ဦး ဟန်းနီးမွန်းထွက်ရန်၊ အပျော်ခရီးသွားရန်၊ တစ်ဦး တည်း လေ့လာရေး  ခရီးထွက်ရန် အစရှိသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လကမ္ဘာပေါ် ရောက်လိုသူများကို ရော့ကတ်ဒုံးပျံနဲ့ အရောက်ပို့ ပေး မှာ ဖြစ်ပါတယ်။ လပေါ်မှာလည်း လမ်းလျှောက်ခွင့် ရအုံးမှာ ဖြစ်ပါတယ်။ ယခင်က ပို့ဆောင်ပေးတဲ့
သမိုင်းတွေ ရှိပေမယ့် Golden Spike ကတော့ အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ်လို့ ဆိုပါတယ်။

ခရီးစဉ်ကို နှစ်စဉ် ပြုလုပ်မှာ ဖြစ်ပါတယ်။ တစ်နှစ်ကို ၂ ကြိမ်ဆိုတော့ တစ်နှစ်ကို လေးဦးပဲ သွားခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံလောက်ကတော့ ဟန်းနီးမွန်းအတွက် သုံးနိုင်ပါတယ်ဆိုရင် လကမ္ဘာကို တစ်ခေါက် တစ်ခါ အလည်သွားနိုင်ပါတယ်။

Aung Kham (TSJ team) မှ သိသမျှ ။

No comments:

Post a Comment