Tuesday, 11 December 2012

နာမှုကူညီရေးဆေးရုံ စတိတ်ရှိုး


ဆင်းရဲ ချမ်းသာ လူမျိုး ဘာသာမရွေး အခမဲ့ကုသနိုင်ရန် ကုတင် (၁၀၀) ဆံ့ မေတ္တာရှင် နာမှုကူညီရေး၏  အခမဲ့ ကုသိုလ်ဖြစ် ဆေးရုံကြီး တည်ဆောက်ရန် ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲအား Dagon Charity Music Tour နှင့် ပူးပေါင်း ဆောင်ရွက်ပြီး တောင်ကြီးမြို့၊ ကျောက်တိုင် ကွင်း၌ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆း၀၀ တွင် ကျင်းပခဲ့သည်။

တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် အယ်ဆိုင်းဇီ၊ ရင်ဂို၊ သျှီ၊ သံစဉ်လမ်းက လင်းလက်ကြယ်ဆုရ ကလေးငယ်များဖြစ်သည့် မေသက်ထားဆွေ၊ မေမြတ်နိုး၊ ခင်ပြည့်စုံသွေးတို့ နှင့် အတူ တောင်ကြီးဇာတိ တေးသံရှင် ဘိုဖြူ၊ အစိုင်း(Black Hole)၊ လှိုင်ဦးမော်တို့က ပါဝင်သီဆို ကူညီပေးခဲ့သည်။

ဟာသသရုပ်ဆောင် ခင်လှိုင်နှင့် ဒိန်းဒေါင်တို့က ဟာသသရုပ်ဖော်ပြကွက်များ တင်ဆက်ပြီး၊ အံသြစရာ စွမ်းရည်ပြကွက်များလည်း ပြသ ဖျော်ဖြေပေးသည်ကို တွေ့ရသည်။

ဖျော်ဖြေပွဲသို့ လာရောက်ကြသည့် စေတနာရှင်များ လှူဒါန်းသည့်ငွေ စုစုပေါင်း ၉၉ သိန်းကျော် ရရှိပြီး၊ ဟာသသရုပ်ဆောင် ခင်လှိုင် ကိုယ်တိုင် ဖလားဖြင့် ကွင်းအတွင်း လိုက်လံကောက်ခံပေးသည့် အလှူငွေ ၂၆ သိန်းကျော် ရရှိခဲ့ကြောင်း မေတ္တာရှင် နာမှုကူညီရေး နှင့် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း၏ ဥက္ကဋ္ဌ ဦးညွန့်မောင်ကပြောသည်။

မေတ္တာရှင် နာမှုကူညီရေး လုပ်ငန်းကို ၂၀၀၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင်  မေတ္တာရှင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်း စတင်ခဲ့ပြီး၊ လူနာများအား ဆီး၊ ၀မ်း၊ သွေး၊ သလိပ်၊ ငှက်ဖျား၊ ကာလသား၊ HIV, B ပိုး၊
C ပိုး အစရှိသည်တို့ကို ဓmတ်ခွဲစမ်းသပ် ပေးကြောင်း၊ မွေးရာပါ နှုတ်ခမ်းကွဲ  အာခေါင်ကွဲ လူနာများကိုလည်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း အခမဲ့ ခွဲစိပ်ကုသပေးကြောင်း၊ သဘာဝဘေး အန္တရာယ်ကြုံတွေ့ရသည့်
ဒုက္ခသည်များကိုလည်း ကူညီစောင့်ရှောက်ပေးနေကြောင်း၊ ငွေကြေး အခက်အခဲကြောင့် ဆေးတက္ကသိုလ် ဆက်လက် မတက်ရောက်နိုင်သော ကျောင်းသားများကိုလည်း

  ပညာသင်စရိတ် ထောက်ပံ့ပေး ကြောင်း၊
သက်ကြီးရွယ်အိုများကိုလည်း အိမ်တိုင်ရာရောက်ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း  ဦးညွန့်မောင်က ပြောသည်။

 ဆေးရုံတည်ဆောက်နေသည်မှာ ၁၂ ရာခိုင်နှုန်းခန့် သာပြီးစီးသေးကြောင်း၊   သိန်း ၆,၅၀၀ကျော် ကုန်ကျမည် ဖြစ်သဖြင့် အလှူငွေများ လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။











ဧရာဝတီဘလောဂ် မှ သိသမျှ ။

No comments:

Post a Comment