ဒါရိုက်တာကျော်ဇောလင်းက
ဝိဇ္ဇာရဲ့ဝတ္ထုနဲ့စန္ဒီမြင့်လွင်ရဲ့ ‘လာ မချုပ် နဲ့’သီချင်းကိုပေါင်းစပ်ကာဟာသ
ဇာတ် လမ်းအဖြစ် ရိုက်ကူးထားကြောင်း ပြောပါတယ်။ အကယ်ဒမီ ပေးပွဲကို
၁ဝနှစ်ကျော်ကြာ မတက်ရောက်ဖြစ်တဲ့ ဒါရိုက်တာ ကျော်ဇောလင်းက အကယ်ဒမီပေးပွဲ
မတက်ရောက်ဖြစ်ရခြင်း အကြောင်းကို”တစ်ချိန်တုန်းက အလှည့်ကျ
သဘောမျိုးဖြစ်နေတဲ့ အခါကျတော့ပွဲရော၊ ရတဲ့လူတွေ အတွက်ရော၊
ကြည့်တဲ့လူတွေအတွက် ရော သူတို့အတွက်ကို ကိုယ်ချင်းစာမိတယ်။
စိတ်ဝင်စားစရာသိပ်မရှိလို့ မတက်ဖြစ်တာပါ။ ဒီနှစ်လည်း တက်
ဖြစ်မှာမဟုတ်သေးပါဘူး”လို့ ပွင့်လင်း စွာ ပြောပြပါတယ်။ အကယ်ဒမီပွဲကို
ဟိုးအရင်ကလို ပုံစံအတိုင်း ဖြစ်စေချင်တယ်လို့ အကြံပြု စကားဆိုတဲ့
ဒါရိုက်တာကျော်ဇောလင်းက..”ကျွန်တော်တို့ငယ်ငယ်တုန်းက ရုပ်ရှင်ဆိုတာ
တကယ်တန်ဖိုးထားပြီး ကြည့်ခဲ့ရတဲ့ ဖျော်ဖြေရေးတစ်ခုပါ။ အကယ်ဒမီပွဲ ဆိုတာ
လည်း တကယ်ကို စိတ်ပါဝင်စားစွာနဲ့ ရင်ခုန်ပြီး စောင့်ကြည့်ရတဲ၊့ တကယ်
တန်ဖိုးရှိတဲ့ ပွဲတစ်ခုပေါ့။ အဲဒီအချိန်မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေရော၊
ထွက်လာတဲ့ ဇာတ်ကား တွေရော၊ အကယ်ဒမီရတဲ့ ဇာတ်ကားတွေရော အကုန်လုံးက တကယ့်ကို
ရုပ်ရှင်တစ်ကားဆိုတဲ့ အတိုင်း ခမ်းခမ်းနားနားနဲ့ အကယ်ဒမီအတွက် လည်း
ထိုက်တန်တဲ့ဇာတ် ကားမျိုးတွေဖြစ်ခဲ့တယ်။ အဲဒီ နောက်ပိုင်းကစပြီး
အခြေအနေအမျိုး မျိုးပြောင်းလဲလာတာနဲ့အမျှ အရာရာ စနစ်တကျ ပျက်ဆီးနေတဲ့အထဲမှာ
အနုပညာလောကက တစ်ထောင့် တစ်နေရာကပါသွားတယ်။ အနုပညာဖန်တီးမှုတွေ
လျော့ပြီးတော့ စီးပွားရေးနဲ့ နား လည်မှုတွေနဲ့ လည်ပတ်တဲ့အနု ပညာလောကကြီး
ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ အကယ်ဒမီပွဲကြီးဆိုတာ
တန်ဖိုးလျော့သွားတယ်။ အဲဒီအချိန်ကစပြီး မကြည့်ဖြစ် တော့တာပေါ့။ အခု
နောက်ပိုင်းပွင့်လင်း လာတဲ့အချိန်၊ အကုန်လုံးပြောင်း လဲလာတဲ့အချိန်၊
တကယ်ပြောင်းလဲလာပြီး အားလုံးအဘက်ဘက်က တိုးတက်လာမယ်။ ပရိသတ်တွေ
စိတ်ချမ်းသာတဲ့ အချိန်တစ်ခုမှာ ဘယ်လို၊ ဇာတ် လမ်းမျိုးမဆို ခံစားပြီး
ကြည့်ပေးတဲ့ အချိန်တစ်ခုကို အမြန်ဆုံးရောက် လာမှပဲဖြစ်တော့မယ်။
နို့မို့ဆိုဗုံးပေါ လအောရယ်စရာတွေပဲ ရိုက်ပြနေတဲ့ အချိန်ဆိုရင်
အကယ်ဒမီနဲ့ထိုက်တန် တဲ့အနုပညာကို ဖန်တီးခွင့်မရှိဘူး လေ။ ပိုက်ဆံရဖို့နဲ့
လူကြိုက်ဖို့အတွက် ကို ပဲ ဦးစားပေးပြီး ရိုက်နေကြရတာဆို တော့ အကယ်ဒမီအတွက် က
စိတ်ဝင် စားမှုတော်တော်ဝေးသေးတယ်။ အကုန် လုံးပြောင်းလဲလာတဲအချိန်မှာ ကျွန်
တော်တို့အနုပညာလောကလည်း စနစ် တကျနဲ့သေချာပြန်ပြီးတော့ ဟိုးတုန်းက
ရှေးလူကြီးတွေ လုပ်ကိုင်ခွင့်ရခဲ့ သလိုအခွင့်အရေးကောင်းတွေနဲ့
နည်းလမ်းကောင်းတွေနဲ့ ပြန်ဖြစ်တော့မှပဲ အကယ်ဒမီနဲ့ ထိုက်တန်မယ့် ဇာတ်ကားတွေ
ပြန်ထွက်လာ မယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းက
မတ်လထဲမှာ ‘အောင်ဘာလေ’ရုပ်ရှင်ဇာတ်ကား ကြီးကိုနေတိုး၊ သက်မွန်မြင့်တို့နဲ့
ရိုက်ကူးမှာဖြစ်ပြီး လက်ရှိထွက်ပြီးသား ဟာသဇာတ်ကားတွေ နဲ့မတူတဲ့စတိုင်
တစ်မျိုးနဲ့ ရိုက်ဖြစ်မှာဖြစ်ကြောင်း ပြောပါတယ်။
POPULAR MYANMAR မှ သိသမျှ ။

No comments:
Post a Comment