Friday, 7 December 2012

အွန်လိုင်းမှာ သီချင်းတင်ခြင်းရဲ့ သက်ရောက် မှုတွေကို ပြောတဲ့ လင်းနစ်


လင်းနစ်က လတ်တလော ထွက်ရှိလာတဲ့ ‘မျှော်လင့်ခြင်း ဆည်းဆာ’ ဆိုတဲ့ အတွဲခွေ ထဲ မှာ သီချင်းတစ်ပုဒ်ဝင်ရောက် သီဆိုထားပြီး အဲဒီ အခွေထဲက သီချင်း ငါးပုဒ်ကိုလည်း သူပဲရေး ပေးထားပါတယ်။
 အဲဒီအခွေထဲက အခုဆို ထားတဲ့ သီချင်းကိုလည်း လင်းနစ်က အင်တာ နက်မှာ တင်ထားပါသေးတယ်။ အခု နောက် ပိုင်းမှာ လင်းနစ် တို့လို နာမည်ရတေးသံရှင်တွေ အပြင်လူငယ် ဝါသနာရှင်များကပါ ကိုယ်ဆို ထားတဲ့သီချင်းတွေကို အရင်ကထက်ပိုပြီး အင်တာနက် ပေါ်တင်လာကြပါတယ်။ အဲဒီ လို တင်လာခဲ့ ခြင်းက ပြောင်းလဲလာတဲ့ ဂီတလောကအနေ အထားအရ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာ လင်းနစ်ကိုမေးတော့ “အနုပညာ အာြး ဖင့်တော့ ကောင်းပါတယ်။ လူငယ် တွေမှာ အခွင့်အလမ်းတိုးလာတာပေါ့။ ဒါ ပေမဲ့ ရေရှည်မှာတော့ အနှောင့်အယှက်ပေးနိုင်တာမျိုးတွေရှိတယ်။ အဲဒါကြောင့် ဂီတ အ စည်းအရုံးမှာလည်း Digital Sellingကိစ္စ ဆွေးနွေးနေပြီကြားတယ်လို့လည်း ကြားပါ တယ်။ နောက်ပိုင်းဆိုရင်တော့ Digital Selling နဲ့ ပြန်ထိန်းချုပ်ရမယ်။ အဲဒီလို ပြန် ထိန်းချုပ်မယ်ဆိုရင် လူငယ်တွေ အနေနဲ့အနုပညာကိုတရား ဝင် ချပြရင် သူတို့ ကိုယ် တိုင်လည်း အကျိုးအ မြတ်တွေအများကြီး ပိုရမယ် တစ်ခါ တ လေကျရင် အငြင်း ပွားဖွယ်ရာ ပြဿ နာတွေနဲ့ ကျတော့ သိပ်မကောင်းဘူး။ တရားဝင်တော့ဖြစ်သင့် တယ်” လို့ပြောပါတယ်။
လက်ရှိမှာတော့ ‘နာရီလက်တံစီးရီး’ ဒီဗီဒီထွက်ရှိထားတဲ့ လင်းနစ်က အဲဒီအခွေ လေးကိုလည်း အားပေးစေချင်ပြီး ရိုက်ကူးရေး ပိုင်းမှာတော့ နည်းနည်းလေး အားမရလိုက်ဘူး ဆိုတာကြောင့် “ကျွန်တော်တို့က ခေတ် အပြောင်း အလဲမှာဖြစ်သွားတယ်။ အရင်ကကင်မရာ ၅၇နဲ့ အကောင်းဆုံးပြီးအောင် ရိုက် ခဲ့တာတွေက နောက်ပိုင်းမှာHD ကခေတ်ဖြစ် သွားတဲ့အတွက် အရုပ်ပိုင်းမှာ တစ်ဝက် လောက်က ၅၇ နဲ့ရိုက်ခဲ့တာဆိုတော့အရုပ်ပိုင်းကွာလတီ နည်းနည်းလိုသွားတယ်” လို့လင်း နစ်ကပြောပါတယ်။သီချင်းအေးအေးလေးတွေ အဆိုများတဲ့ လင်းနစ်ကိုေ နာက်ပိုင်းမှာ သီချင်းအေး အေး လေးတွေနဲ့ပဲ ခရီးဆက်သွားမလားဆို တော့ “အဲဒီလိုတော့ မဟုတ်ပါဘူး။
ကျွန်တော့် စိတ် ထဲရှိတဲ့အတိုင်း အကောင်းဆုံးလို့ယူဆတဲ့ အ တွက် ပရိသတ်ကိုပေးတာပါ။ငယ်ငယ်တုန်းက လည်း သီချင်းအေးအေးလေးတွေ ကြိုက်တာ၊ အခုလူလတ်
ပိုင်းရောက်လာတဲ့ အခါမှာလည်း ကျွန်တော်အကြိုက် ပြောင်း တဲ့အတိုင်း ဆက် လုပ်မှာပါ။ နားထောင်တဲ့အပေါ်မူတည် ပြီး ပြောင်းသွားတာပါ။ ငယ်ငယ်ကလုပ်ခဲ့တဲ့ အယူအဆတွေကကြီးရင်ပြောင်းသွား သလို ပေါ့” လို့ပြောခဲ့တဲ့ လင်းနစ်က အွန်လိုင်းမှာ လည်း ဆောင်းပါးတွေရေး ဖြစ်နေပြီး ဂျာနယ် စာမျက်နှာတွေပေါ်မှာလည်း သူ့ရဲ့ဆောင်းပါးတွေ ကို တွေ့နေရတာကြောင့် နောက်ပိုင်းမှာတော့ စာတွေဆက်တိုက်ရေးဖြစ် မှာ ဖြစ်ကြောင်း သိရပါတယ်။ ရဲရဲ


POPULAR NEW JOURNAL မှ သိသမျှ ။

No comments:

Post a Comment