ဆိုင်းဘုတ်အပြာတွေမှာတော့
စက်အသင့်၊ ဆီအသင့်၊ ရေအသင့်
လို့ ရေးထားပြီး ဆိုင်းဘုတ်နီနဲ့
ရေးထား တာတွေကတော့ မြန်မြန်သိ၊
မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်
ဆိုတာတွေဖြစ်ပါတယ်။
မြန်မြန်သိဖို့တော့ ဒီနေ့ခေတ်
ရန်ကုန်မြို့ ဆက်သွယ်ရေးစနစ်ကြောင့်
လွယ်ကူပါတယ်။ သို့သော်လည်း
ရန်ကုန် လမ်းမတွေ မှာ မြန်မြန်သွား
မြန်မြန်မောင်းဖို့ကတော့
(ညသန်းခေါင်
မဟုတ်ရင်)
အခက်အခဲ
ရှိပါလိမ့်မယ်
။
။
![]() |
ဒါကတော့
လမ်းဘေးတနေရာက ထရန်စဖော်မာပါ။
မြန်မာပြည်တွင် ပြုလုပ်သည်
လို့ ရေးထားတဲ့ စက်ပစ္စည်းမျိုးကို
မြင်ရတာ ၀မ်းသာစရာပါပဲ။
လူအုံတဲ့ လမ်းဘေးဈေးဆိုင်တခုမှာ ရောင်းနေတာကတော့ ကလေးဘောင်းဘီရှည်တွေပဲ ဖြစ်ပါ တယ်။ ဆောင်းရာသီအတွက် အသုံးတည့်မယ့် ဒီဘောင်းဘီတွေက တထည် ၆၀၀ ဖြစ်ပါတယ်။ အခုခေတ် ကုန်ဈေးနှုန်းနဲ့တွက်ရင် ဈေးသက်သာပြီး အေးတဲ့ကာလအတွက် တယ်လိုအပ်တဲ့အတွက် အ၀ယ် လိုက်နေတာ တွေ့ရမှာပါ။
ဆူးလေစေတီ အပြင်ဘက်မှာ တွေ့ရတဲ့ လက်ဝါးပုံ ဆိုင်းဘုတ်တပ် ဆိုင်ခန်းများကတော့ လက္ခဏာကြည့်၊ ဗေဒင်ဟောသူတို့ရဲ့ အလုပ်ခန်းများ ဖြစ်ပါတယ်။
ကိုယ့်ကံကြမ္မာအကြောင်း မေးမြန်းလိုသူများအတွက် ရန်ကုန်မြို့ဟာ အင်မတန် အဆင်ပြေတဲ့မြို့ပါပဲ။ ရန်ကုန်မြို့အနှံ့အပြားမှာ ဗေဒင်ဆရာ၊ လက္ခဏာဆရာတွေကို တွေ့ရမှာပါ။
ရန်ကုန်မြို့လယ် ဆူးလေစေတီ မြောက်ဘက်မုခ်နားက ခေါင်းလောင်း ဘေးမှာ နေ့ခင်းဘက် တရေးတမော အိပ်နေကြသူတွေပါ။ အလုပ်အကိုင်မရှိသေးသူများ ဖြစ်နိုင်သလို အလုပ်ပြီးလို့ သို့မဟုတ် အလုပ်ချိန် မတိုင်ခင် လာအိပ်နေသူတွေလည်း ဖြစ်နိုင်ပါတယ်။
ဆူးလေဘုရားနဲ့ မနီးမဝေးမှာ တွေ့ရတဲ့ ဒီကားဖြူဖြူက ဗိုလ်ချုပ်အောင်ဆန်းပုံ စတစ်ကာ ကပ်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ဟာ
နိုင်ငံရေးသမားတွေအတွက်တင်
မဟုတ်တော့ဘဲ သူ့ကို လေးစားသူများရဲ့
ပုံရိပ် ဖြစ်လာတယ်၊
ကိုယ်ဘယ်လိုစိတ်ဓာတ်မျိုးရှိသလဲ
ဆိုတာကို တပါးသူ သိစေလိုသူတွေ အတွက်
ဖြစ် လာနေပါတော့တယ်။
ဧရာဝတီ Bl0g မှ သိသမျှ ။






No comments:
Post a Comment