Thursday, 27 December 2012

"ထလော့ မြန်မာ" နိုင်ငံရေး သီချင်း ဖြန့်ချီမည် (ရုပ်/သံ)

 Hip Hop အဆိုတော် နေဇော် သီဆိုထားတဲ့ "ထလော့မြန်မာ" MTV single albumကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင် ကျင်းပမယ့် NLD ပညာရေးအထောက်အကူပြု ဂီတပွဲတော်မှာ NLD ပါတီ ရံပုံငွေ အဖြစ်
ဖြန့်ချီသွားမှာဖြစ်ပါတယ်။ 

ဓာတ်ပုံများ- Nay Zaw Th-z's facebook

အဆိုပါ အယ်လဘမ်ကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ စီစဉ် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
ဖြန့်ချီမယ့် ထလော့  မြန်မာ တေးအယ်လဘမ်က မြန်မာနိုင်ငံမှာ ပထမဆုံးဖြန့်ချီလိုက်တဲ့ နိုင်ငံရေး သီချင်း အယ်လဘမ်လည်း ဖြစ်ပါတယ်။ ဒီ အယ်လ်ဘမ်မှာ တေးသီချင်း ၄ ပုဒ်ပါဝင်ပြီး၊ တချပ်ကို မြန်မာ ငွေ ကျပ် ၆ဝဝ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။




ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။ 

No comments:

Post a Comment