Saturday, 29 December 2012

အကယ်ဒမီဘယ်သူ ရသွားလဲဆိုတာ စင်ကာပူကနေ နားထောင်နေမယ့် အေးဝတ်ရည်သောင်း


အေးဝတ်ရည်သောင်းက ဒီနှစ် ရန်ကုန်မှာပြုလုပ်မယ့် အကယ်ဒမီ ပေးပွဲကိုတက်ချင်ပေမယ့်လည်း မိသားစု ခရီးသွားဖို့ချိန်းထားတဲ့ရက်နဲ့ တိုက် တိုက်ဆိုင်ဆိုင်သွားကြုံနေ တဲ့ အတွက် အကယ်ဒမီပေးပွဲကို တက်ဖြစ်တော့မှာ မဟုတ်ကြောင်းသိရပါတယ်။”အကယ်ဒမီပွဲကိုတက်ချင်တယ်။ ရန်ကုန် မှာလုပ်မှာဆိုတော့ သူငယ်ချင်းတွေ စုံစုံလင် လင်နဲ့ တွေ့ရမှာလေ။ အကယ်ဒမီရတဲ့သူအတွက်ကိုလည်း ဂုဏ်ပြုချင်ပါတယ်။ ဟိုရောက်နေပေမယ့်လည်း အကယ်ဒမီဘယ်သူ ရသွားလဲဆိုတာကိုတော့ နားထောင်နေ မှာပါ”လို့ အေး ဝတ်ရည်သောင်းက ပြောပါတယ်။
ဒီဇင်ဘာ၂၁ရက်နေ့က စင်ကာပူနိုင်ငံကို စတင်ထွက်ခွာသွားပြီဖြစ်တဲ့ အေးဝတ်ရည်သောင်းက စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်စတဲ့ ဒေသများကို သွားရောက်မှာဖြစ်ပြီး ဇန်နဝါရီ ၄ရက်နေ့မှာတော့ ရန်ကုန်ကို ပြန် ရောက်မှာဖြစ်ပါတယ်။
နှစ်ပတ်ကျော်ကြာမြင့်မယ့် မိသားစုအလည်အပတ်ခရီးစဉ်မှာ ကင်မရာတစ်လုံးလောက် ဝယ်လာ ဖြစ်မယ်လို့ ပြောပြလာပါတယ်။
ကင်မရာဝယ်ယူဖို့ စိတ်ကူးရည်ရွယ်ချက်က ကိုယ်ကြိုက်တဲ့ အရုပ် တစ်ခုကို ကိုယ့်စိတ်ကြိုက်ရိုက်ကူးဖို့ အတွက် ဝယ်ယူချင်တာဖြစ်တဲ့ အကြောင်းကို ”ဗီဒီယိုရိုက်တယ် ဆိုရင်လည်း Mark II ပဲဖြစ်ဖြစ်၊Mark III ပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ။ ကိုယ်ကြိုက်တဲ့ ရှုခင်းလေးတွေ၊ ဆင်းန်လေးတွေ တွေ့ရင်ရိုက်ပြီးတော့ ပြည်သူကို ဖွင့်ပြချင် တယ်။ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် အဲဒီလိုလုပ်ချင်တဲ့ စိတ်လေးရှိနေလို့ ဝယ်ချင်တာပါ”လို့ အေးဝတ်ရည်သောင်းက ကင်မရာဝယ်ယူချင်တဲ့အကြောင်း ရှင်းပြပါတယ်။

POPULAR MYANMAR .COM မှ သိသမျှ ။

No comments:

Post a Comment