အောင်မြင်မှုဆိုတာ သင်ယူလို့ ရတဲ့ဘာသာရပ် ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ တစ်ခုခုကို ကိုယ်လုပ်လိုက်နိုင် ပြီဆိုရင် ကျေနပ်သွားတာတဲ့ ရလဒ်(သို့)ခံစားမှုမျိုး ရလိုက်တာဘဲဖြစ်တယ် (အဲဒီမှာ ရိုးသားရမယ်၊ စိန်ခေါ်မှုတွေ ရှိရမယ်) အောင်မြင်မှုတွေ အများကြီး ဖြစ်လာပြီဆိုရင် sucessful ဖြစ်ပြီတဲ့....
လူတိုင်းလူတိုင်းက အောင်မြင်ချင်ကြတယ် အဲလိုလူတွေဆီမှာ ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်ရွယ်ချက် ဆိုတာရှိတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာလဲသိတယ်။ဒါပေမယ့် အကောင်တည်ဖော် ထလုပ်တဲ့ လူကတော့ 100မှာ 95%လောက်ဘဲရှိတယ် ကျန်တဲ့5 % လောက်ကတော့ ကိုယ့် plan အတိုင်း အကောင်အထည် ဖော်လို့အောင်မြင်မှုကို သူတို့ရတယ်တဲ့။
သွားရင်လဲကတော့ မယ်ဆိုတာသိတယ်။အဲဒီတော့ မသွားဘူးရပ်နေတယ် သွားရင်လဲကျမယ်ဆိုတာသိတယ်။ဒါပေမယ့် သူသွားတယ်။
လဲကျတယ်..
ပြန်ထတယ်..
လဲကျတယ်..
ပြန်ထတယ်..
မောရင်ဖြည်းဖြည်းချင်းသွားတယ်။
မသွားဘဲရပ်နေတဲ့လူထက်တော့သူကအောင်မြင်မှုနဲ့ ပိုနီးစပ်တယ်..သာတယ်..
လဲကျမှာကိုကြောက်စရာမလိုပါဘူးပြန်ထနိုင်အောင်သာကြိုးစားပါ။အဲလိုဘဲ မှားသွားမှာကိုကြောက်စရာမလိုဘူး။
အဲဒီအမှားထဲက အမှန်ကို ရှာပါ။ လူတွေဟာ မွေးဖွားလာတည်းက တစ်ယောက်နဲ့ တစ်ယောက်တူကြဘူးလေ..
ကိုယရဲ့ စမှတ်ကိုပြင်လို့မရပေမယ့် ဆုံးမှတ်ကိုတော့ ပြင်လို့ ရတယ်တဲ့။ လောကမှာ အနတ္တသဘောနဲ့ ကြည့်ရင် ဘယ်အရာမှ မတည်မြဲဘူး။ သေရင်ကိုယ့်နောက်ကို
ဘာမှမပါဘူး။
အဲလိုမြင်ကြတယ် တွေးကြတယ်လေ..
အဲဒါကမမှားပါဘူး..
ဒါပေမယ့် လူ့ဘ၀မှာနေတုန်း အဲဒီသဘောကိုဘဲ ဒီလိုလေးတွေးကြည့်ပါ အနတ္တသဘောက မတည်မြဲဘူး။
ငါအခုဘာကောင်မှမဟုတ်ဘူး။
ဒါပေမယ့်တနေ့ငါဘာဖြစ်လာမှာ..ဘယ်လိုပြောင်းလဲသွားမှာ..အဲလိုဖြစ်အောင်လုပ်မှာ..မတည်မြဲတဲ့သဘောတရားကိုအခြေခံပြီး ကိုယ့်ကိုကိုယ် တိုးတက်ပြောင်းလဲ လာအောင်လုပ်လို့ရတယ် ..
ကိုယ်မွေးဖွားလတည်းက ကဆင်းရဲနှံချာပါတယ်ဆိုပြီး
ငါရဲ့ဘ၀ကတော့ ဘယ်လောက်ဘဲလုပ်လုပ် ဖြစ်လာမှာမဟုတ်ဘူး..
လုပ်ဖို့လဲ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး ပူနေစရာမလိုဘူး။ ကိုယ့်ရဲဖြစ်တည်မှုကို တွေးပြီးအားငယ်နေစရာလိုဘူး။ ကိုယ့်ရဲ့စမှတ်ကို ပြင်လို့မရပေမယ့် ဆုံးမှတ်ကိုပြင်လို့ရတယ်တဲ့.....
ကမ္ဘာ့ကုလ္လသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှုးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ဦးသန့်ကလဲတချိန်က လူသိပ်မသိခဲ့တဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ..
ဘုန်းကြီးကျောင်းသားဘ၀နဲ့ ဘ၀ကိုစခဲ့တာ နောက်ဆုံးတော့ သူ့ရဲ့ဆုံးမှတ်က ကမ္ဘာ့ကုလ္လသမ္မဂ္ဂရုံးရဲ့ နံရံပေါ်မှာ မြန်မာနိုင်ငံအလံနဲ့ တူတူရှိနေတယ်လေ...
လူတိုင်းမှာကိုယ်ပိုင် (size) အရွယ်အစားရှိတယ်..
ကိုယ့်ရဲ့(size) စမှတ်က သေးကောင်းသေးနေလိမ့်မယ်။ဒါပေမယ့် အဲဒါကို (expending)လုပ်လို့ရတယ်တဲ့။ ဘယ်လိုနည်းနဲ့လဲဆိုရင် ကြုံတွေ့နေတဲ့ အခက်အခဲကို အောင်မြင်စွာဖြတ်ကျော်လိုက်ပါတဲ့....
အဲလိုလုပ်ပြီး ကိုယ့် size ကို ကိုယ်ချဲ့ထွင်ပါတဲ့..
လူတွေက ပြောကြတယ် ခံစားနေရတဲ့လူထက်စာရင် ဘေးကပြောတဲ့ လူကပိုလွယ်တယ်တဲ့။
အဲဒါက ဟုတ်ပါတယ်..ကိုယ်ကိုတိုင်လဲ ဘ၀မှာရုန်းကန်လှုပ်ရှားရင်းနဲ့ စိတ်ညစ်စရာတွေ ကြုံလာပြီဆိုရင် အလူးအလဲဘဲ..
ကိုယ့်ဘာသာ စိတ်ဓာတ် ကျလိုက်..အားတင်းလိုက်..အားငယ်လိုက် ၀မ်းနည်းလိုက် .. စာတွေဖတ်လိုက်..ပြန်အားတင်းလိုက်နဲ့ပေါ့..

No comments:
Post a Comment