(ယခင်က အသုံးပြုခဲ့သောချက်ပလက်ကားတစ်စီးကိုတွေ့ရစဉ်)
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ဘတ်စ်ကားအများစုမှာ
မထသယာဉ်လိုင်းအများစုဖြစ်ပြီး
၂၀၁၂ခုနှစ်တွင် ကားပါမစ်တွေ လျော့ကျ၍
အိမ်စီးကားမှ ခရီး သည်တင်ကားအထိ လွတ်လပ်စွာ
ကားတင်သွင်းခွင့်ပြုခဲ့ပြီး
ယင်း အပြင် ယာဉ်အို၊ယာဉ်ဟောင်းများ နေရာတွင် ယာဉ်အသစ်များနှင့်
အစားထိုးသုံးစွဲခဲ့ပြီး သို့သော် ကားသစ်မထည့်နိုင်သည့်အတွက်ကြောင့်
ခရီးသည်များ ဒုက္ခရောက်လျက် ရှိကြောင်းသိရသည်။
ဒဂုံမြောက်ပိုင်း ၇ရပ်ကွက်သို့ နေ့စဉ်ကားစီးနှင်နေသူ ခရီး သည်တစ်ဦးမှ
ပြောကြားရာတွင် ““ကျွန်မတို့က ရုံးသွားရုံးပြန်ကော နေ့တိုင်းလိုလို
ဒဂုံမြောက်ပိုင်းက နေ မြို့ထဲအထိ နေ့တိုင်းကားစီး ရတယ်။ အရင်ကတော့ ချက်ပလပ်
ကားကြီးကို နေ့တိုင်းစီးရတယ်။ ကြပ်တာလည်းတအား ကြပ်တယ်။ ဒါပေမယ့်
ကားကတော့ တအား ပေါတယ်။ ကားမရှားဘူး။ အခု မထသ က ချက်ပလပ်တွေနေရာ ကို
အခြားကားသစ်တွေနဲ့ အစား ထိုးလိုက်တယ်။အဲလိုအစားထိုး လိုက်တဲ့အတွက်
ကောင်းတာလဲ ရှိတယ်။ မကောင်းတာလည်းရှိ တယ်။ မကောင်းတာက ပိုများ တယ်။အရင်က
ချက်ပလပ်ကား တွေက ၁၅ရှိရင် ခုကားသစ်တွေ က ၁၀စီးပဲရှိတယ်””ယင်းမှ ဆက်
လက်ပြောကြားသည်။
““ဒီလိုဖြစ်သွားတော့ ကားစီး ရတာ အရင်ကထက်ပိုကြပ်တယ်။ စောင့်ရတာလည်း
ပိုကြာတယ်။ အဆိုးဆုံးကတော့ ကားသမားတွေ နဲ့ယာဉ်နောက်လိုက်တွေပါ ခရီး
သယ်တွေက သူတို့ထက်ကြီးမှန်း ငယ်မှန်းမသိပါဘူး။အပြောအဆို
ကလည်းတော်တော်ဆိုးပါတယ်။ ကားကြပ်တာက တစ်မျိုး သူတို့
ကပြောတာတစ်မျိုးနဲ့နေ့တိုင်းလိုလို မထသလိုင်းရဲ့ ဒုက္ခတွေကို ခံနေ ရတယ်။
မထသလိုင်းရဲ့
ယာဉ် မောင်းနဲ့ယာဉ်နောက်လိုက်တွေ ကို ယာဉ်ကျေးမှုသင်တန်းတက်
ခိုင်းသင့်တယ်””ဟု ပြောကြားခဲ့ သည်။
ခရီးသည်သည် ပြည်သူဖြစ် သလို ကားသမားနှင့်ယာဉ်နောက် လိုက်များသည်လည်း
ပြည်သူဖြစ် ပြီး ယခင်က ကားကြပ်မှုများသာ ရှိခဲ့သော်လည်း ယခုတွင် ညနေ
စောင်းလျှင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်သည် ဘီယာနှင့်အရက်သေစာများကို
သောက်စား ၍ မောင်းနှင်နေခြင်းကြောင့် ကားကြပ်သည့်အပြင်ခရီးသည် များက
ဘုရားပါတနေရကြောင်း သိရှိရသည်။

No comments:
Post a Comment