Monday, 10 December 2012
တစ်ကိုယ်တော် အခွေ ၃ခွေ စီစဉ်နေသူ ရှင်ဖုန်း
ဂီတဘက်မှာ သံစဉ် ချိုချိုလေး နဲ့ ပရိသတ်တွေ လက်ခံထားနေဆဲ အဆိုတော်က ရှင်ဖုန်းပါပဲ။ ရှင်ဖုန်းက ပရိသတ် တွေအတွက် သီချင်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း အဆင်သင့် ရှိနေသူလည်း ဖြစ်ပါတယ်။ စန္ဒရားကွန်းဇော် ရဲ့ ပွဲမှာတော့ ရှင်ဖုန်းက တက္ကသိုလ်လဲ့လဲ့ရဲ့ သီချင်းတစ်ပုဒ်ကို ပြန်လည် သီဆိုခဲ့ပါတယ်။ အခုခေတ်က ဟစ်ဟော့ပ် ၊ရော့ခ်ရှိုးပွဲတွေ များသော အားဖြင့် လုပ်ကြပြီး မြန်မာသံစဉ် စစ်စစ်ပွဲတွေ လုပ်လာတာ ရှားသွားတဲ့ အပေါ် ရှင်ဖုန်းရဲ့ အမြင်ကို လည်း မေးကြည့်ဖြစ်တော့ “ခေတ်ရေစီးကြောင်းပေါ့။ မြန်မာသံစဉ် ဆိုရင် အခုစန္ဒရား ဦးကွန်းဇော် ပွဲမှာ ရှင်ဖုန်းက အန်တီ တက္ကသိုလ်လဲ့လဲ့ ရဲ့သီချင်းကို ပြန်ဆိုမယ်။ ဒီလို မြန်မာပွဲမှာ သီဆိုရတာ ရှင်ဖုန်း ဂုဏ်ယူတယ်။ ဒီလို မြန်မာသံစဉ်ပွဲတွေ ရှားရှားပါးပါး ရှိလာတဲ့ အခါမှာ တက္ကသိုလ် လဲ့လဲ့ရဲ့ သီချင်းတွေ ပြန်ဆိုရမယ် ဆိုတော့ အမှား မရှိအောင် ကြိုတင် ကြိုးစား လေ့ကျင့်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ရှင်ဖုန်း အနေနဲ့ကော သီချင်း သံစဉ်ချိုချိုပဲ သီဆိုဖြစ်တယ် ဆိုတော့ ဒီလို ဟစ်ဟော့ပ်၊ ရော့ခ် တို့ကိုကော နားထောင် ဖြစ်လား၊ ကိုယ်တိုင် ဆို ဖို့ကော အစီအစဉ် ရှိလားလို့ မေးကြည့်တော့..
“ရှင်ဖုန်းက သီချင်း အမျိုးအစား အားလုံးကို ကြိုက်တယ်။ ဟစ်ဟော့ပ်၊ ရော့ခ် နားထောင်ဖြစ်တယ်။ သူတို့ကိုလည်း ရှင်ဖုန်း ချီးကျူးပါတယ်။ လေ့လည်း လေ့လာဖြစ် တယ်။ ရှင်ဖုန်းက ဘယ်သီချင်း မဆို၊ ဘယ်အမျိုးအစား မဆို နားထောင် ဖြစ်တယ်။ ဆိုဖို့တော့ ခက်မယ် ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။ ရှင်ဖုန်းရဲ့ တတိယ စီးရီး ကကော ဘယ် အတိုင်းအတာ အထိပြီးပြီလဲ လို့ မေးကြည့်တော့..
“ခရီးသွားရင်း ရိုက်လာတာ ၄ ပုဒ်၊၅ပုဒ်လာက် ပြီးပြီ။ ထူးထူးခြားခြား ဖြစ်အောင် ဆိုပြီး အကတွေ ထည့်မယ်၊ ကိုယ်တိုင်လည်း ကမယ်။ ပရိသတ်တွေဆီ အမြန်ဆုံး ပို့ပေးချင်တယ်။ တတိယစီးရီး အပြင် အခု နောက်ထပ် တစ်ကိုယ်တော် အခွေ၂ခွေ ထပ် စီစဉ်နေပါတယ်။ မတူကွဲပြားတဲ့ ဂီတအမျိုး အစားနှစ်မျိုး လုပ်မှာပါ။ ဘယ်လို ပုံစံ လဲဆိုတော့ ထွက်လာမှပဲ ပရိသတ်တွေ ဝေဖန် အားပေးကြပါ”လို့ ပြောပြခဲ့ပါတယ်။ လတ်တလော မှာတော့ ရှင်ဖုန်းက ရှိုးပွဲတွေမှာ သီဆိုပြီး ဒီအခွေ ၃ခွေ ကိစ္စ ကို ဇောက် ချ လုပ် ဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။
POPULAR MYANMAR မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

ရှင်ဖုန်း ကို အရမ်းကြိုက်။
ReplyDeleteThank you!