Saturday, 8 December 2012

အင်တာနက်နှင့် အထီးကျန်ရောဂါ

 
အမေရိကန်ပြည်ထောင်စု၊ Carnegie Mellon University မှ နှစ်နှစ်ကြာ စော့င်ကြည့်လေ့လာထားမှုမှ သိရှိရသော တွေ့ရှိချက် ဖြစ် ပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုနေသူများဟာ သာမန်လူများထက် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုများ ပိုမို
ဖြစ်ပေါ်နိုင်ကြောင်း ဖြစ်ပါတယ်။

အီးမေးလ်၊ ဖေ့်ဘွတ်၊ တွစ်တာ၊ ဂျီတော့ အစရှိတဲ့ Social Network တို့ကို ဘယ်လောက်ပဲ အသုံးပြုပါစေ အပြင်လောကက လူမူဆက်ဆံရေးလောက် နီးစပ်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အင်တာနက်နဲ့ ဆက်စပ် အလုပ် များ လုပ်ကိုင်နေရသူတွေကို အပြင်လောက်နဲ့ အဆက်အသွယ် မပြတ်စေဖို့ အကြံပေးထားပါတယ်။ အားလပ်ရက်သီးသန့်ထားပြီး အပြင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ နွေးထွေးစွာ ပြောဆို ဆက်ဆံ၊ သွားလာစေဖို့ ဖြစ်ပါတယ်။

ယနေ့ စိတ်ကျရောဂါနဲ့ ဆက်စပ်ရောဂါဝေဒနာ ခံစားရမှုထဲမှာ အင်တာနက် ပုံမှန်အသုံးပြုသူ ဦးရေ ပိုမိုပါဝင်လာကြောင်း သိရပါတယ်။ 
 
 International news for myanmar မှ သိသမျှ ။
 

No comments:

Post a Comment