Thursday, 20 December 2012

ရွှေတိဂုံစေတီတော်၌ နိုင်ငံခြားသား ဘုရားဖူးများကို ဘောင်းဘီတိုနှင့် အင်္ကျီလက်ပြတ်များ ၀တ်ဆင်ခွင့် စတင်တားမြစ်လိုက်ပြီ


ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသား ဘုရားဖူးများကို ဘောင်းဘီတိုနှင့် အင်္ကျီလက်ပြတ်များ ၀တ်ဆင်ခွင့် တားမြစ်လိုက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော်မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ၁၃-၁၂-၂၀၁၂ရက်တွင် ပြောကြားသည်။ ယခင်ကအဆိုပါ ၀တ်စားဆင်ယင်မှုများကို ခွင့်ပြုသော်လည်း ဒီဇင်ဘာလ ၁၇ ရက်မှစတင်ခွင့်ပြုတော့မည် မဟုတ်ကြောင်းပြောကြားခဲ့သည်။ ''နိုင်ငံခြားသားတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်တာနည်းနည်းလေး ပိုပြီးတော့ ဂါရဝထားတဲ့အနေနဲ့ မဖွယ်မရာ ၀တ်တဲ့ဥစ္စာတွေကို တားဆီးတာတော့မဟုတ်ဘူး တည့်မတ်ပေးတာပါ။ အရင်ကတော့ ဘောင်းဘီတို၊ အင်္ကျီလက်ပြတ်ဆိုရင် အဲ့ဒါကိုပ၀ါခြုံပေးတယ်။ ခြုံပေးလိုက်ပေမယ့် ဘုရားပေါ်ရောက်တဲ့အခါ ကျွန်တော်တို့ရှေ့က ဖြတ်သွားတဲ့ အချိန်လောက်ပဲခြုံတယ်။ ကွယ်သွားရင် ပ၀ါဖြုတ်ပြီးတော့ သွားကြတာတွေရှိတယ်။ဒီလိုတွေဖြစ်ဖြစ်နေတဲ့အခါကျတော့ ဒီဝတ်စားဆင်ယင်မှုတွေကို နည်းနည်းလေး မေတ္တာရပ်ခံတားဆီးသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်မှာ မြင်မကောင်းတဲ့ဟာတွေ မဖြစ်အောင်ပေါ့။နိုင်ငံခြားသား အမျိုးသားရော၊ အမျိုးသမီးပါ ၀တ်ဆင်ခွင့်မရှိတာပါ။
အဲ့ဒါကြောင့် အဲရွှေတိဂုံစေတီတော်၌ နိုင်ငံခြားသားဘုရားဖူးများကို ဘောင်းဘီတိုနှင့် အင်္ကျီလက်ပြတ်များ ၀တ်ဆင်ခွင့် စတင်တားမြစ်လိုက်ပြီ ဒီလိုမဖြစ်အောင် ရှမ်းတိုက်ပုံအင်္ကျီ နည်းနည်းကျယ်ကျယ် ပွပွလေးကို ၀တ်ပေးဖို့ စီစဉ်ထားတယ်။ လာမယ့် တနင်္လာနေ့(၁၇-၁၂-၂၀၁၂)လောက် စဖြစ်မယ်။ပြည်ပငွေကြေး ကောက်ခံတဲ့ကောင်တာ ရှိတဲ့နေရာတိုင်းမှာ ဒီအင်္ကျီတွေ၊ ပုဆိုး၊ ထဘီတွေပေးသွားမယ်။ အဲ့ဒါက အခကြေးငွေမယူဘူး၊ အမျိုးသမီးကိုလည်း ရှမ်းတိုက်ပုံဝတ်ပေးမယ်
။ ရှမ်းတိုက်ပုံကလည်း သိပ်ပြီးတော့ အဆင်မပြေတာမရှိဘူး။ ပြီးတော့လည်း ကိုယ်ပေါ်မှာမြဲတာပေါ့'' ဟု ယင်းကပြောကြားသည်။ ဒီဇင်ဘာလ ၁ရက်မှ၁၂ရက်အထိ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ၁၈၀၀၀ကျော် လာရောက်ဖူးမြော်ခဲ့ပြီး အလှူငွေ အမေရိကန် ဒေါ်လာကိုးသောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၁ခုနှစ်နှင့် ၂၀၁၂ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံခြားသား ဧည့်ဝင်ဦးရေစာရင်း နှိုင်းယှဉ်လျှင် ၂၀၁၂ခုနှစ်ယှဉ်လျှင် နိုင်ငံခြားသားဦးရေ တစ်သိန်းကျော်အထိ တိုးလာကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံသည် အများဆုံးဖြစ်နေပြီး ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ဂျပန်၊ အီရန်၊ တောင်အာဖရိက၊ ဟော်လန်၊ အစ္စရေး၊ဖိလစ်ပိုင် စသောနိုင်ငံများမှလည်း လာရောက်ကြောင်း သိရသည်။


 PYIMYANMAR JOURNAL မှ သိသမျှ ။


No comments:

Post a Comment