Friday, 28 December 2012
အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်းထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ
ကြည်နူးပျော်ရွှင်မှုများစွာနဲ့ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်းနဲ့ မချောရတနာတို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ “အဖေ့ကျောင်း” ဇာတ်ကားမိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. “အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်းကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြု ဇာတ်လမ်းတို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခုဟာက အိမ်ထောင်သည် ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့မရတော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ်ယောက်တည်းစိတ်နဲ့ သွားလို့မရတော့ နှစ်ယောက်ပေါင်းပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ အခုလောလောဆယ် အကယ်ဒမီပွဲပြီးရင်ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာက “ဒီနှစ် အကယ်ဒမီပေးပွဲ ကိုတော့
တက်ဖြစ်မှာပါ။ အဝတ်အစား ဒီဇိုင်းပိုင်းကို မျိုးမင်းစိုးက တာဝန်ယူပေးထား ပါတယ်။ ချိတ်လုံချည်ကို သိင်္ဂီကျော်ပိုး ထည်တိုက်က စပွန်ဆာပေး ထားတာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ရန်ကုန်မှာကျင်းပ တဲ့အတွက် ပိုပြီးတော့ အဆင်ပြေသွားတယ်။ ဒီနှစ်အကယ်ဒမီဆုကို တကယ် အနုပညာ ပိုင်းမှာ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ သက်မွန်မြင့် ရမယ်လို့လည်း ကြားနေပါတယ်။ အကယ်ဒမီ ဆုကို ဘယ်သူပဲရရပါ” လို့ ပြောပါတယ်။
POPULAR MYANMAR .COM မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment