Monday, 3 December 2012

ရာဇာ ဂန်းနမ်းစတိုင်ကခဲ့တဲ့ နန်းဆုရတီစိုး


“သရဖူက မချိုက နန်းဆု ကိုရီးယားက ပြန်လာတော့ ဒီအိုပါ ဂန်းနမ်းစတိုင် သီချင်းကို ကိုရာဇာနေဝင်းနဲ့ ကပေးဖို့ ကမ်း လှမ်းတဲ့အတွက်ပါ။ နန်းဆုကလည်း တအားစိတ် ဝင်စားတယ်။ ဒီအက ကလည်း တအားခေတ်စား နေတယ်ဆိုတော့ ကမ်းလှမ်းတာနဲ့ လက်ခံ ဖြစ်သွား တာပါ။ အကထဲမှာပါတဲ့ သူကလည်း ပိန်ပိန်သွယ်သွယ်လေးနဲ့ ဖြူဖြူလေးဆို တော့ နန်းဆုနဲ့ လိုက်ဖက်တယ်လို့လည်း ပြောတာ ကြောင့်ပါ။ ကိုရီးယားကို ဖျော်ဖြေရေး သွားတုန်းကလည်း သူငယ်ချင်းတွေနဲ့ အတူ လျှောက်လည်ပြီး ကကြတာကို ဓာတ်ပုံရိုက်ထားတာ အင်တာနက်ပေါ်မှာ တွေ့ကြတယ် ထင်တယ်။ အကလေ့ကျင့်ဖို့ အချိန်ကလည်း မရခဲ့ဘူး။ ၁ရက်ကို ၁နာရီလောက် Jade Dragon အကအဖွဲ့နဲ့ ၃ရက်လောက် လေ့ကျင့်ခဲ့တယ်။ ကတာက ခုန်ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်။ ဒါပေမဲ့ ဒီ သီချင်းရော၊ အကရောကြိုက်တော့ ကနေရတာ ကိုပဲ ပျော်နေတာ။ ကိုရာဇာကလည်း အက တိုက်တဲ့အချိန်တုန်းက လုံးဝမနားဘူး။ ဆက်တိုက်ကတာ၊ တိုက်ထားပေမယ့် ကတဲ့ အချိန်မှာ တအားစိတ်လှုပ်ရှားတယ်။ အကုန်လုံးက စိတ်ဝင်စားကြတော့ ပိုတာဝန် ကြီးတယ်။ ကိုရီးယားမြူးဇစ်ကိုလည်း တော်တော်လေးအားကျမိတယ်။ ရတဲ့အချိန်လေးမှာ အကောင်းဆုံးကြိုးစား ခဲ့ရတာ   လေ။ တီဗီကနေလည်း လွှင့်တော့ ပရိသတ်တွေက ကောင်း ကောင်းလေးသေသေချာချာ ကနော်၊ အားပေးမယ်လို့ ပြောကြတယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်”လို့ သရဖူမဂ္ဂဇင်း ၁၅နှစ် ပြည့်ပွဲမှာ အိုပါဂန်းနမ်းစတိုင် သီချင်းကို ရာဇာနေဝင်း ၊Jade Dragon အကအဖွဲ့ တို့နဲ့အတူ ကပြ ဖျော်ဖြေခဲ့တဲ့ နန်းဆုရတီစိုးက ပြောပါတယ်။ အက တိုက်ချိန်လည်း သိပ်မရပေမယ့် အကောင်းဆုံး ကြိုးစားခဲ့သလို တအားလည်း စိတ်လှုပ်ရှားခဲ့တယ်
လို့ဆိုတဲ့ နန်းဆုရတီစိုး အတွက် ပရိသတ်အားပေးတဲ့ လက်ခုပ်သံတွေ က ကျေနပ်စရာဖြစ်ခဲ့မှာ အမှန်ပါပဲ။ တန်ဆောင်မုန်းလ ပြည့်နေ့မှာတော့ နန်းဆုရတီစိုးက မြင်းမူမှာ သီချင်းဆိုဖြစ်ခဲ့ ပြီး ဒုတိယစီးရီး အခွေအတွက် ပြင် ဆင်နေတာနဲ့ ပတ်သက်လို့ သီချင်းခွေ အစီအစဉ်ကိုလည်း သီချင်းတွေက အသံသွင်းဖို့ ကျန်သေးတာ။ မအားသေးတာနဲ့ အခုမှ လုပ်ဖြစ်တာ။ အမျိုးအစားကတော့ ထုံးစံအတိုင်း နည်း နည်းတော့ စုံမယ် ထင်တယ်။ အတတ်နိုင်ဆုံးတော့ ပရိသတ် အကြိုက်များတာပေါ့။ အကြိုက် မတူကြတာတွေလည်းရှိတော့ အစုံပေါ့။ သီချင်းခွေ  Tittle က မသိသေးဘူး။ ပရိသတ်တွေက နန်းဆုနဲ့လိုက်မယ်ထင်တဲ့ Tittle လေးတွေကို Nan Su Yati Soe.com မှာMessage ချန်ခဲ့ပေးလို့ရတယ်။ ကိုယ့်ဘာသာ ကိုယ်လည်းပေးဖို့ ကြိုးစားမယ်။ ပရိသတ်တွေ ပေးထားတာ ပိုကောင်းရင် ရွေးချယ်ဖြစ်ခဲ့ရင် သူတို့အတွက် အမှတ်တရ တစ်ခုခုလုပ်ပေးမယ်။ ပရိသတ်တွေနဲ့ နန်းဆုနဲ့လည်း အမှတ်တရ ဖြစ်သွားတာပေါ့။ နန်းဆုရဲ့ ပရိုမိုးရှင်း ပွဲတွေလည်း ဖိတ်မယ်။ အခွေလည်း လက်ဆောင်ပေးမယ်” လို့ ပြောပြခဲ့ပါတယ်။


POPULAR MYANMAR မှ သိသမျှ ။

No comments:

Post a Comment