မြင့်မြတ်က ‘ချစ်သူများအစည်းအရုံး’ ဇာတ်ကားမှာ ညီအငယ်ဆုံးအဖြစ် သရုပ်ဆောင်ရပြီး ဒီထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးက ရိုက်ဖူးပြီးသား ညီအစ်ကို၊ မောင်နှမတွေပဲ ဖြစ်ကြောင်း၊ အရင်က မင်းသား၊ မင်းသမီး အများကြီးနဲ့လည်း ရိုက်ဖူးကြောင်း၊ ရိုက်ကူးတဲ့ နေရာမှာ နည်းနည်းတော့ အချိန်ကြာကြောင်း ပြောပါတယ်။ အချိန်ကြာရတဲ့ အကြောင်းအရင်းကို မြင့်မြတ်က ”သရုပ်ဆောင်များတဲ့အပေါ်မှာ လူများတယ်ဆိုတာနဲ့ကို စီစဉ်တဲ့အပိုင်းမှာ နည်းနည်းလေး ကြာသွားတာပေါ့။ ဒီရိုက်ကွင်း မှာ အဓိက သရုပ်ဆောင် ၁၄ ယောက်ဖြစ်နေတော့ ၁၄ယောက် အစုံရိုက်ရတဲ့ အခန်းတွေ၊ ကင်မရာကလည်း ၁၄ ယောက်စလုံးဝင်အောင် ရိုက်ဖို့တော့ အခက်အခဲတွေ အများကြီးဖြစ်တာပေါ့”လို့ ပြောပြီး သူ့ရဲ့ဇာတ်ရုပ်ကိုတော့ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်မှာဖြစ်ကြောင်း မြင့်မြတ်က ပြောပါတယ်။ မြင့်မြတ်က ကောင်းကောင်းတို့၊ အိုင်းရင်းဇင်မာမြင့်တို့နဲ့အတူ သီဆိုထားတဲ့ `ဘဝတစ်ကွေ့´ သီချင်းခွေကို ဗီစီဒီရိုက်ဖို့ ပြင်ဆင်နေတုန်းပဲ ရှိသေးကြောင်း၊ ၂ လပိုင်းမှာ နွားထိုးကြီးမြို့ကို သီချင်းသွားဆို ဖို့ ရှိကြောင်းပြောပါတယ်။ မြင့်မြတ်၊ ကောင်းကောင်းနဲ့ အိုင်းရင်းဇင်မာမြင့်တို့က ဆီးဂိမ်းဖွင့်ပွဲမှာ သီချင်းဆိုမှာဖြစ်ကြောင်း သိရပါတယ်။ ဆီးဂိမ်းဖွင့်ပွဲမှာ သီချင်းဆိုရမှာ ဖြစ်တဲ့အတွက် ဂုဏ်ယူကြောင်းကို မြင့်မြတ်က..”ဆီးဂိမ်းသီချင်းက ကိုရွှေမန်းတို့က ဆိုဖို့ပြောလို့ ဆိုဖြစ်သွားပါ။ ကျွန်တော်ကလည်း သီချင်းဆိုတဲ့အထဲမှာ သိတာဆိုလို့ အိုင်ရင်းတို့၊ ကောင်းကောင်းတို့ပဲ ရှိတာဆိုတော့
သူတို့နဲ့ပဲ လုပ်ဖြစ်တာပါ။ သီချင်းက ဆီးဂိမ်းနဲ့ လိုက်ဖက်တဲ့ ပုံစံလေးပါပဲ။ ကောင်းကောင်း ရေးပေးထားတာပါ။ ဒီပွဲမှာ သီချင်းဆိုရတဲ့အတွက်ရော၊ ကျွန်တော်တို့နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့အချိန်မှာ တစ်တပ်တစ်အား ကူညီခွင့်ရတဲ့ အတွက် ဂုဏ်ယူ ပါတယ်”လို့ ပြောပါတယ်။
POPULAR MYANMAR မှ သိသမျှ ။

No comments:
Post a Comment